နမ္မတူမြို့နယ်၌ လီဆူစာပေနှင့်ယဉ်ကျေးမှု (၁၀၆)နှစ်ပြည့် အထိမ်းအမှတ်ပွဲ စည်းကားသိုက်မြိုက်စွာကျင်းပမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

နမ္မတူမြို့နယ်၌ လီဆူစာပေနှင့်ယဉ်ကျေးမှု (၁၀၆)နှစ်ပြည့် အထိမ်းအမှတ်ပွဲ စည်းကားသိုက်မြိုက်စွာကျင်းပမည်



MNP   -   ဖေဖော်ဝါရီ ၂၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် လီဆူစာပေနှင့်ယဉ်ကျေးမှု (၁၀၆)နှစ်ပြည့်အထိမ်းအမှတ်ပွဲကို အမှတ်(၈)အခြေခံပညာ မူလတန်းလွန်းကျောင်းဝင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ လီဆူတိုင်းရင်းသားလူမျိုးများ၏ လီဆူစာပေနှင့်ယဉ်ကျေးမှု(၁၀၆)နှစ်ပြည့် အထိမ်းအမှတ်နှင့် လီဆူရိုးရာနှစ်ကူးပွဲတော်ကို သမိုင်းအမွေအနှစ်များ ထိန်းသိမ်းရန်ရည်ရွယ်၍ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ မတ်လ ၁ ရက်နေ့အထိ(၂)ရက် စည်းကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး လီဆူးတိုင်းရင်းသားလူမျိုးများမှ သရုပ်ပြရိုးရာအကပဒေသာများနှင့် နိုင်ငံကျော်လီဆူတိုင်းရင်းသားအဆိုတော်များမှ ဖျော်ဖြေတင်ဆက်မည်ဖြစ်ကြောင်း လီဆူစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးဝမ်လုဖထံမှ သိရသည်။


လူမော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)