ကျောက်ဖြူမြို့၌ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစီမံချက်အရ ပြည်သူလူထုပူးပေါင်း ပါဝင်သော စုပေါင်းအမှိုက်ကောက်ပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဖြူမြို့၌ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစီမံချက်အရ ပြည်သူလူထုပူးပေါင်း ပါဝင်သော စုပေါင်းအမှိုက်ကောက်ပွဲပြုလုပ်







MNP  -  ဖေဖော်ဝါရီ  ၂၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစီမံချက်အရ ကျောက်ဖြူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ ပြည်သူ လူထုပူးပေါင်းပါဝင်သော စုပေါင်းအမှိုက်ကောက်ပွဲကို ယနေ့ နံနက် ၇ နာရီက ပြင်ဖြူမော်ရပ်ကွက်ရှိ ဒီရေတောစိုက်ခင်းအနီးတွင် စုပေါင်းဆောင်ရွက်သည်။  


ထိုသို့ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေး မှူး ဦးလွှမ်းမိုးထက် ဦးဆောင်သည့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောက်ဖြူ မြို့ပေါ်ရှိ ပရဟိတအသင်းအဖွဲ့များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ပြည်သူလူထုများနှင့် ပြင်ဖြူမော်ရပ်ကွက်နေပြည်သူများပါဝင်သည့်  ပူးပေါင်းအဖွဲ့တို့သည် အဆိုပါ  ဒီရေတောစိုက်ခင်း တလျှောက်တွင်ရှိသော ဒီရေတက်ချိန်တွင်ပါလာပြီး စိုက်ခင်းတလျှောက်တင်ကျန်ခဲ့သည့် အမှိုက် သရိုက်များနှင့် ပြည်သူများစွန့်ပစ်ထားရှိသည့် အမှိုက်များကို အမှိုက်အိတ်များထဲသို့ထည့်ကာ သတ်မှတ်နေရာများသို့ပို့ဆောင်ပေးခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပရဟိတအသင်းအဖွဲ့များမှ ရရှိ လာသည့်အမှိုက်များကို ၎င်းတို့၏အသင်းပိုင်ကားများဖြင့် သတ်မှတ်နေရာများသို့ပို့ဆောင်ပေးခြင်း စသော စုပေါင်းသန့်ရှင်းရေးများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ယင်းနောက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများအား အခမဲ့ဝေငှပေးခဲ့ကြောင်း သိရ သည်။ 


တင်ထွန်းဦး 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)