MNP - ဖေဖော်ဝါရီ ၂၇
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းများမှ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသည့်ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား များကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှမတ်လ၈ရက်နေ့ထိ ထုတ်ပေးလျက်ရှိသည်။
မာန်အောင်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၉)ကျောင်း၊အထက်တန်းကျောင်းခွဲ(၄)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း(၁)ကျောင်းရှိပြီး စာစစ်ဌာန (၂)ခု ဖွင့်လှစ်ဖြေဆိုရမည်ဖြစ်ရာအ-ထ-ကမာန်အောင်စာစစ်ဌာနတွင် ဖြေဆိုမည့်ကျောင်းသား၊ကျောင်းသူ(၃၁၆ )ဦး၊အ-ထ-က(ခွဲ)စျေးတန်းစာစစ်ဌာနတွင်ဖြေဆိုမည့်ကျောင်းသား၊ကျောင်းသူ(၁၀၇ )ဦး စုစုပေါင်း(၄၂၃)ဦး တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားပြီးစာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးမှ တဆင့်ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost

No comments:
Post a Comment