MNP - ဖေဖော်ဝါရီ ၁၆
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၌ ဆင်ခြေထောက်ရောဂါကင်းဝေးရေးအတွက် ဆေးသုံးမျိုးပေါင်း တိုက်ကျွေးခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများကြီးကြပ်လျက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပရဟိတအသင်းအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နေ့လယ်ပိုင်းက အရှေ့ပိုင်းရပ်ကွက်ရှိနေအိမ်များနှင့် ကျေးရွာများတွင် အိမ်တိုင်ရာရောက် ကွင်းဆင်းတိုက်ကျွေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ဆင်ခြေထောက်ရောဂါကာကွယ်ဆေးကို သောက်ခြင်းအားဖြင့် ဆင်ခြေထောက်ပိုးရှိသူများ၊ ရောဂါငုပ်နေသူများအတွက် ရောဂါကုသပြီးရာရောက်ခြင်း၊ ရောဂါပိုးမရှိသူများ သောက်လျှင် ဆေးအာနိသင်ကြောင့် ရောက်ဂါကာကွယ်ပြီးသားဖြစ်သည့်အပြင်၊ သန်ကောင်၊ တုတ်ကောင်များကို နှိမ်နှင်းရာတွင်လည်း အလွန်ပင်ထိရောက်ပါကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်နုဦးခင် ထံမှ သိရသည်။
ထို့နောက် ကာကွယ်ဆေးသောက်ပြီးနောက် ကောင်းကျိုးနှင့်ဆိုးကျိုးများတွင် သန်ချဆေးဖြစ်သည့်အတွက်ကြောင့် ဆေးသောက်ပြီး လှုပ်ရှားမှုများလျှင် အနည်းငယ်မူးတတ် ၊ ပျို့အန်တတ်ပြီး ၎င်းဆေးများတွင်လည်း ဆိုးဝါးသော ဘေးထွက်ဆိုးကျိုးများ မရှိပါကြောင်း အစာစားပြီး ၁ နာရီအကြာမှသာ စ၍ သောက်နိုင်ပြီး ဆေးသောက်ပြီးလျှင်လည်း အိပ်စက်အနားယူလိုက်လျှင် ပို၍ကောင်းမွန်တတ်ပါကြောင်းနှင့် ဆေးသောက်ပြီးလှုပ်ရှားမှုများလျှင် အနည်းငယ်မူးဝေ အော့အန်တတ်ကြောင်း၊ ဆင်ခြေထောက်ရောဂါကင်းဝေးရေး သောက်သုံးရမည့်ဆေးသုံးမျိုးတွင် အိုင်ဗာမက်တင်(Ivermectin)၊ ဒီအီးစီ( DEC) ၊ အယ်ဘန်ဒါဇော (Albendazole) ဆေးဝါးများဖြစ်ပြီး မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများသို့ သွားရောက်၍ ကာကွယ်ဆေးအား ဖေဖော်ဝါရီလ (၁၃)ရက်နေ့မှ စတင်တိုက်ကျွေးလျက်ရှိရာ ဖေဖော်ဝါရီလ (၁၉)ရက်နေ့အထိ ရပ်ကွက် ကျေးရွာများသို့ အိမ်တိုင်းစေ့အရောက် တိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment