MNP - ဖေဖော်ဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် 230KV လှော်ကား-ဝါးတရာ ဓာတ်အားလိုင်းအူကြောင်းဖြတ်သန်းတည်ဆောက်ခြင်းလုပ်ငန်းအတွင်း ကျရောက်သည့် တောင်သူတို့၏ သီးနှံများပျက်စီးဆုံးရှုံးမှုအတွက် (ပထမအကြိမ်)သီးနှံလျော်ကြေးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် လျှပ်စစ်ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ဓာတ်အားပို့လွှတ်ရေးစီမံကိန်း(တောင်ပိုင်း)မှ ဒုတိယညွှန်ကြားရေးမှူးဦးဝဏ္ဏစိုးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်ဦးတို့က သီးနှံလျော်ကြေးပေးအပ်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တောင်သူ(၅)ဦးအား (ပထမအကြိမ်)သီးနှံလျော်ကြေးငွေ စုစုပေါင်း(၁၃,၆၈၉,၄၅၀)ကျပ်တိတိကို ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ လျှပ်စစ်ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ဓာတ်အားပို့လွှတ်ရေးစီမံကိန်း(တောင်ပိုင်း) ဒုတိယညွှန်ကြားရေးမှူးဦးဝဏ္ဏစိုးနှင့်ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ တောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment