ရေကြည်မြို့နယ်တွင် ဆောင်းသီးနှံ နေကြာမျိုးစေ့ချပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေကြည်မြို့နယ်တွင် ဆောင်းသီးနှံ နေကြာမျိုးစေ့ချပွဲအခမ်းအနား ကျင်းပ



MNP  -   ဖေဖော်ဝါရီ ၂

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ် ရုံးတုံးကျေးရွာအုပ်စုတွင် ယနေ့နံနက် (၁၀)နာရီခွဲအချိန်က ဆောင်းသီးနှံ နေကြာမျိုးစေ့ချပွဲအခမ်းအနား ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး  ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


အဆိုပါ ဆောင်းသီးနှံ နေကြာမျိုးစေ့ချပွဲအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး  ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးလှမျိုးနွယ်နှင့် ဝန်ထမ်းများ မြို့အဆင့် ဌာနဆိုင်ရာအကြီးအကဲများက တောင်သူဦးဖိုးစွမ်း၏ ကွင်းအမှတ်(၈၈၄/B)၊ ဦးပိုင်အမှတ် (၉/၁၂)၊ လယ်မြေဧက (၅.၀၀)ဧက၌ ဆောင်းသီးနှံ နေကြာမျိုးစေ့ချ စိုက်ပျိုးနေမှုကို ကွင်းဆင်းကြည့်ရှု့၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆောင်းသီးနှံနေကြာမျိုးစေ့ကို ကိုယ်တိုင် လက်တွေ့စိုက်ပျိုး‌ပေးခဲ့ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)