အစိုးရစက်မှုလက်မှုသိပ္ပံ(မြင်းခြံ)ကျောင်းတွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဆောင်းပါး၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲများ ဆုချီးမြှင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အစိုးရစက်မှုလက်မှုသိပ္ပံ(မြင်းခြံ)ကျောင်းတွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဆောင်းပါး၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲများ ဆုချီးမြှင့်ပွဲကျင်းပ



MNP -   ဖေဖော်ဝါရီ ၂

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အစိုးရစက်မှုလက်မှုသိပ္ပံ(မြင်းခြံ)ကျောင်းတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဆောင်းပါး၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဆောင်းပါး၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိခဲ့သူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့် အဖွဲ့ဝင်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံ(မြင်းခြံ) ပါမောက္ခချုပ် ဒေါက်တာ လေးမာန်ဝင့်၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မျိုးလတ်တို့ကဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။


အဆိုပါ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဆောင်းပါး၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲများအား မြင်းခြံခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံ(မြင်းခြံ)နှင့် မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ပူးပေါင်းကျင်းပပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ကျော်စွာ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)