ဆွမ်ပရာဘွမ်မြို့နယ် စာစစ်ဌာနများ၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲဖြေဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆွမ်ပရာဘွမ်မြို့နယ် စာစစ်ဌာနများ၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲဖြေဆို


MNP  -    ဖေဖော်ဝါရီ ၂၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ Grade(5)နှင့် Grade(9) နှစ်ဆုံးစာမေးပွဲ များကို​ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှစ၍ ဖြေဆိုလျက်ရှိရာ ယနေ့ နံနက် ၉ နာရီချိန်မှ Grade(5)လူမှုရေးဘာသာရပ်နှင့် Grade(9) သမိုင်းဘာသာရပ်များကို ဖြေဆိုလျက်ရှိ ကြောင်း သိရသည်။


ဆွမ်ပရာဘွမ်မြို့နယ်အနေဖြင့် စာစစ်ဌာန(၈)ခုရှိပြီး Grade(5) စာစစ်ဌာန(၅)ခုနှင့် Grade(9) စာစစ်ဌာန(၃)များ၌ ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုလျက်ရှိရာ Grade(5) စာမေးပွဲသည် မြို့နယ်စစ်ဖြစ်ပြီး ဖေဖော်ဝါရီလ(၂၂)ရက်နေ့မှ (၂၈)ရက်နေ့ထိ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့်လည်းကောင်း၊ Grade(9) စာမေးပွဲသည် ခရိုင်စစ်ဖြစ်ပြီး ဖေဖော်ဝါရီလ (၂၂)ရက်နေ့မှ မတ်လ(၁)ရက်နေ့ထိ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့်လည်းကောင်း ဖြေဆိုလျက်ရှိ ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ဧပရယ်မိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)