မိုးညှင်းမြို့၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းမြို့၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး



MNP  -   ဖေဖော်ဝါရီ ၂၈

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ ညောင်ကိုင်းကျေးရွာအုပ်စု သာယာကုန်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ဖေဖော်ဝါရီလ (၂၇)ရက် မွန်းလွဲ(၃)နာရီခွဲတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်မြစိမ်းရောင် စီမံကိန်းလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးသောင်းထိုက်၊ မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြသိန်းဝင်းနှင့် ဝန်ထမ်းများ၊ ကျေးရွာကော်မတီဝင်များက ချေးငွေများဖြင့် ဆောင်ရွက်ထားသည့် လုပ်ငန်းများအား လိုက်လံပြသရှင်းလင်းရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က မြစိမ်းရောင်စီမံကိန်း လက်စွဲစာစောင်ပါ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ရန်၊ ချေးငွေရယူသည့် လုပ်ငန်းများကို အမှန်တကယ် ဆောင်ရွက်ကြရန်၊ ရရှိထားသည့်ရန်ပုံငွေနှင့် အတိုးရငွေများ လေလွင့်ဆုံးရှုံးမှု မရှိစေရန်အတွက် မြို့နယ်ကျေးလက်ရုံးနှင့် ကျေးရွာကော်မတီဝင်များမှ ကြီးကြပ်ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။


ညောင်ကိုင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းရန်ပုံငွေကျပ် သန်း(၃၀)ဖြင့် စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ (၉)နှစ်မြောက် ထုတ်ချေးရာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၄၅)ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၆၉)ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ (၁)ဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ(၂)ဦး စုစုပေါင်းအသင်းသားအသင်းသူ (၁၁၇)ဦးအား ငွေကျပ်  ၆၃ ဒဿမ ၅ သန်းထိ ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူးထံမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)