မံစီမြို့နယ်၌ စံပြကျောင်း (ကျန်းမာရေး ထူးချွန်ကျောင်း) ဆုပေးပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မံစီမြို့နယ်၌ စံပြကျောင်း (ကျန်းမာရေး ထူးချွန်ကျောင်း) ဆုပေးပွဲ အခမ်းအနား ကျင်းပ


MNP  -   ဖေဖော်ဝါရီ ၂၈

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌   ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၁၁ နာရီက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စံပြကျောင်း (ကျန်းမာရေးထူးချွန်ကျောင်း) ဆုပေးပွဲအခမ်းအနား ကျင်းပခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသန့်နှင့် မြို့နယ် ပညာရေးမှူးဒေါ်တင်မာဆွေတို့က အမှာစကားများပြောကြားပြီးနောက် တာဝန်ရှိသူများက ပထမဆု ရရှိသည့် အခြေခံပညာ အထက်တန်းကျောင်း(မံစီ)၊ ဒုတိယဆုရရှိသည့် အခြေခံပညာ အထက်တန်း ကျောင်း(မိုင်းခေါင်)၊ တတိယဆုရရှိသည့် အခြေခံပညာ အထက်တန်းကျောင်း (ဟန်ထက်) စသည့် ကျောင်းများကို ဆုများချီးမြှင့်ခဲ့ကြသည်။


အဆိုပါ ဆုပေးပွဲအခမ်းအနားကို စာသင်ကျောင်းများအနေဖြင့် ကျောင်းကျန်းမာရေးလုပ်ငန်း ကဏ္ဍများတွင် ပိုမိုတက်ကြွစွာ လှုပ်ရှားဆောင်ရွက်လာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တစ်နှစ်လျှင် (၂)ကြိမ်နှုန်းဖြင့် ကျောင်းကျန်းမားရေး လုပ်ငန်းကို ကွင်းဆင်းကြည့်ရှုဆောင်ရွက်လျက်ရှိနေပြီး ယခုကဲ့သို့ စံပြကျောင်း(ကျန်းမာရေးထူးချွန် ကျောင်း)ဆု ရွေးချယ်ပေးအပ်ရာတွင် ကျောင်းသားကျောင်းသူများ၏ တစ်ကိုယ်ရေဆိုင်ရာ သန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကျန်းမာရေးအသိပညာပေး စသည့်အချက်များဖြင့် အမှတ်ပေးရွေးချယ်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)