ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile library စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်း လုပ်ငန်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile library စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်း လုပ်ငန်းဆောင်ရွက်


MNP  -    ဖေဖော်ဝါရီ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန် မြင့်မား‌စေရန်ရည်ရွယ်ချက်ဖြင့် စာပေဝါသနာရှင်များ စာအုပ်စာပေများကို လွယ်လင့်တကူ ဖတ်ရှုနိုင်‌စေရန်အတွက် မြို့နယ်စင်ပင်သာယာရေးအဖွဲ့ရုံးနှင့် မြန်မာ့စာတိုက်လုပ်ငန်းရုံးများသို့ သွားရောက်၍ Mobile library စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်း လုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်ခြင်းသည် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ပြည်သူများနှင့် လုပ်ငန်းတာဝန်များဖြင့် မလာရောက်နိုင်သည့် ဌာနဆိုင်ရာဝန်ထမ်းများကို လှည့်လည် ငှားရမ်းပေးနေခြင်း ဖြစ်ကြောင်း၊ ဌာနဆိုင်ရာ ရုံးများကို အလှည့်ကျ လှည့်လည်ငှားရမ်းပေးသွားမည် ဖြစ်ကြောင်း၊ ငှားရမ်းထားသည့် စာအုပ်များပြန်လည်လက်ခံခြင်း၊ အသစ်ပြန်လည် ငှားရမ်းသည့်စနစ်ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း  သိရသည်။


ကလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်မှ စာငှားသူ တိုးပွားရေး၊ စာဖတ်ရှိန်မြင့်မားရေးအတွက် ဌာနဆိုင်ရာရုံးများသို့ နယ်လည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်းကို အပတ်စဉ်အင်္ဂါနေ့တိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး စာကြည့်တိုက်သို့ လာရောက်ငှားရမ်းသည့် စာပေဝါသနာရှင်များကိုလည်း သုတ၊ ရသ စာအုပ်စာစောင်များကို အခမဲ့ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)