MNP - ဖေဖော်ဝါရီ ၂၈
ရခိုင်ပြည်နယ် မာန်အောင်မြို့၌ ၂၀၂၂ -၂၀၂၃ပညာသင်နှစ်(Grade-5)ကျောင်းသား/သူများ နှစ်ဆုံးစာမေးပွဲကိုဖေဖော်ဝါရီ၂၂ရက်နေ့က စတင်ပြီး ဖြေဆိုခဲ့ရာ ယနေ့ နံနက် ၁၀ နာရီခွဲတွင် သက်ဆိုင်ရာစာစစ်ဌာနအသီးသီးတွင် အောင်မြင်စွာဖြေဆို ပြီးစီးခဲ့ကြောင်းသိရသည်။
မာန်အောင်မြို့နယ်တွင်အခြေခံပညာကျောင်းပေါင်း(၁၁၈)ကျောင်းနှင့်ကိုယ်ပိုင် အထက်တန်းကျောင်း (၁)ကျောင်း၊စုစုပေါင်း(၁၁၉)ကျောင်းရှိပြီး(Grade-5 )ခရိုင်စစ်စာမေးပွဲကို စာစစ်ဌာန(၂၅)ခုဖွင့်လှစ်၍ ဖေဖော်ဝါရီ လ ၂၂ရက်နေ့မှ၂၈ရက်နေ့ထိမြန်မာစာ၊အင်္ဂလိပ်စာ၊သင်္ချာ၊သိပ္ပံ၊လူမှုရေးဘာသာရပ်များကို တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် နံနက်၉နာရီမှ၁၀နာရီခွဲထိ ဖြေဆိုခဲ့ရာ ဖြေဆိုရန်စာရင်းရှိ ကျောင်းသား/သူ(၈၇၉)ဦးရှိသည့်အနက် ဖြေဆိုသူ(၈၅၇)ဦးနှင့် ဖြေဆိုရန်ပျက်ကွက်သူ(၂၂)ဦးရှိခဲ့သည်။
အဆိုပါစာမေးပွဲကိုကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့်စာစစ်ဌာနကြီးကြပ်ရေးမှူးများနှင့် တာဝန်ကျဆရာ/ဆရာမများက အနီးကပ် ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost



No comments:
Post a Comment