ကျောက်မဲမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်မှုလက်တွေ့သရုပ်ပြခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်မဲမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်မှုလက်တွေ့သရုပ်ပြခြင်း ဆောင်ရွက်





MNP  -   ဖေဖော်ဝါရီ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ယမန်နေ့ညနေ ၃ နာရီအချိန်က ကျောက်မဲခရိုင် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး မီးငြှိမ်းသတ်နည်း အသိပညာပေးဟောပြောခြင်း၊ လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ မီးငြှိမ်းသတ်နည်းသရုပ်ပြပွဲတွင် ကျောက်မဲခရိုင်မီးသတ်ဦးစီးမှူး ဦးမြင့်ဦးက မီးဖိုချောင်အတွင်း ဆီပူအိုးများမှတဆင့် မီး‌လောင်ကျွမ်းခြင်း၊ ဂက်စ်မီးဖိုများမှ ဂက်စ်ပိုက်ပေါက်၍ ရုတ်တရက်မီးလောင်ကျွမ်းခြင်းများဖြစ်ပွားပါက အလွယ်တကူ မီးငြိမ်းသတ်နိုင်သည့် နည်းလမ်းများ၊ မီးသတ်ဆေးဘူးသုံးစွဲနည်းများတို့ကို အသေးစိတ်အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။


အဆိုပါ လက်တွေ့သရုပ်ပြဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦး၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့/ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ စုစုပေါင်း(၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး မီးငြိမ်းသတ်နည်း သရုပ်ပြသခဲ့သည့် ကျောက်မဲခရိုင် မီးသတ်တပ်ဖွဲ့ဝင်များအား ကျောက်မဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့် ကျောက်မဲခရိုင် အမျိုးသမီးရေးရာအဖွဲ့/မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်သူဇာညွှန့်တို့က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။


မိုင်းထွန်း

 https://t.me/MyanmarNationalPost






No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)