ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရင်းနှီးမတည်ပေးသည့် စိုက်ပျိုး မွေးမြူရေးဆောင်ရွက်သော ကျေးရွာစီမံကိန်းလုပ်ငန်းများ အောင်မြင်စေရေး၊ ထပ်မံရင်းနှီးမတည်ပေးရမည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ သုံးသပ်ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရင်းနှီးမတည်ပေးသည့် စိုက်ပျိုး မွေးမြူရေးဆောင်ရွက်သော ကျေးရွာစီမံကိန်းလုပ်ငန်းများ အောင်မြင်စေရေး၊ ထပ်မံရင်းနှီးမတည်ပေးရမည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ သုံးသပ်ညှိနှိုင်းဆွေးနွေး


MNP   -   ဖေဖော်ဝါရီ ၁၃

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်‌ရေး ရန်ပုံငွေဖြင့် ပြည်နယ်အတွင်း ခရိုင်/ မြို့နယ်များအလိုက် စိုက်ပျိုးမွေးမြူရေးနှင့် MSME ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာရေးအတွက် ရန်ပုံငွေများကို တောင်သူများ လက်ဝယ်အရောက် ရင်းနှီးမတည်ဆောင်ရွက်ပေးလျက်ရှိရာ စီမံကိန်းလုပ်ငန်းများ အောင်မြင်စေရေး၊ ထပ်မံရင်းနှီး မတည်ပေးရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ သုံးသပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။


ရှေးဦးစွာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမအသင်းစုလုပ်ငန်းများနှင့် MSME  လုပ်ငန်းများအတွက် တောင်သူများထံ ရန်ပုံငွေများ မတည်ပေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်အောင်မြင်မှုရရှိရေး သက်ဆိုင်ရာ ခရိုင်/ မြို့နယ်များအလိုက် အဆင့်ဆင့်ကွင်းဆင်းကြပ်မတ်၍ လိုအပ်သည်များကို စဉ်ဆက်မပြတ် ပေါင်းစပ် ဖြည့်ဆည်းပေးရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် စီမံကိန်းလုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက်ကို ပြန်လည် သုံးသပ်ပြီး ကျန်ရှိသည့် ရန်ပုံငွေများကို တောင်သူများလက်ဝယ်အရောက် အမြန်ဆုံးလွှဲအပ်နိုင်ရေးကိုလည်း စီမံ ဆောင်ရွက်ပေးသွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။


ထို့နောက် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများအား လွှဲအပ်ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ပြည်နယ်အဆင့် ကော်မတီသို့ ထပ်မံတင်ပြလာသည့် လုပ်ငန်းစီမံကိန်းများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ကော်မတီ အဖွဲ့ဝင်များနှင့် ခရိုင်အဆင့်ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းစီမံကိန်းများအပေါ် သက်ဆိုင်ရာ ကဏ္ဍအလိုက် ရင်းနှီး မတည်ပေးလျက်ရှိသည့် အခြေအနေများ၊ ခရိုင်၊ မြို့နယ်များအလိုက် ရန်ပုံငွေထပ်မံတောင်းခံလာမှုအပေါ် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့မှုများ၊ လုပ်ငန်းများ ကြပ်မတ်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ခရိုင်၊ မြို့နယ်များအလိုက် ရန်ပုံငွေများအပေါ် လုပ်ငန်းလက်စွဲ စာအုပ်ပါအတိုင်း စီမံဆောင်ရွက် သွားရေး၊ ရင်းနှီးမတည်ပြီး လုပ်ငန်းများနှင့် ထပ်မံရင်းနှီးမတည် ပေးသွားမည့် လုပ်ငန်းစီမံကိန်းများကို အမြန်ဆုံးရွေးချယ် စိစစ်၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သွားရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။


ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် ပြည်နယ်စီးပွားမြှင့်တင်ရေး၊ ကျေးလက်နေတောင်သူများဘဝ တိုးတက်မြင့်မားရေး၊ ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားရေးလာစေရန်အတွက် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သော ကျေးရွာ ၁၀၆ ရွာတွင် စီမံကိန်းလုပ်ငန်းပေါင်း ၉၀ ခု၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်သော ကျေးရွာ ၁၇ ရွာတွင် စီမံကိန်းလုပ်ငန်း ၁၇ ခု၊ ငါးလုပ်ငန်းဆောင်ရွက်သော ကျေးရွာ ၆ ရွာတွင် စီမံကိန်းလုပ်ငန်း ၆ ခု၊ သမဝါယမ အသင်းစုလုပ်ငန်းဆောင်ရွက်သော ကျေးရွာ ၄၀ တွင် စီမံကိန်းလုပ်ငန်းများ ၄၀ ခုတို့အား မြို့နယ်ပေါင်း (၁၄)မြို့နယ်အတွင်းရှိ တောင်သူများထံ ရန်ပုံငွေများကို ရင်းနှီးမတည်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)