MNP - ဖေဖော်ဝါရီ ၂၂
ရခိုင်ပြည်နယ် မာန်အောင်မြို့ မြို့မစည်ပင်သာယာဈေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးရည်ရွယ်ချက်ဖြင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက်၁၁ နာရီက အဆိုပါ မြို့မစည်ပင်သာယာဈေးရှိ ဈေးဆိုင်များ၊ ဈေးရုံတန်းများ အနီးတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြပွဲတွင် မြို့မစည်ပင်သာယာဈေးအတွင်းရှိ ဈေးဆိုင်ခန်းများနှင့် ဈေးရုံတန်းများတွင် မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဘူးဖြင့် ငြိမ်းသတ်ပုံ၊အဝတ်ရေစိုဖြင့်ဖုံးအုပ်ငြိမ်းသတ်ပုံနှင့် မီးငြှိမ်းသတ်ရေးယာဉ်ဖြင့် လက်တွေ့မီးငြှိမ်းပုံတို့ကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးထိန်လင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သရုပ်ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါ မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထွဋ်၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမောင်စံသိန်းနှင့် ဈေးအကျိုးတော်ဆောင်အဖွဲ့ တာဝန်ရှိသူများ၊မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊စျေးသူ၊စျေးသားများတက်ရောက်ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများမှ မြို့မစည်ပင်သာယာဈေးအတွင်း စျေးဆိုင်ခန်းများတွင် မီးသတ်ဆေးဘူးထားရှိ/မရှိတို့ကို စစ်ဆေးကြပြီး မီးဘေးကြိုတင် ကာကွယ် ရေးအတွက်အကြံပြု ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost




No comments:
Post a Comment