MNP - ဖေဖော်ဝါရီ ၁၆
မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် ဘိုးဘွားရိပ်သာ တည်ဆောက်နိုင်ရေးညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်းကို ယနေ့ညနေပိုင်းက ဝါရီရူခန်းမ၌ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးထင်လင်းအောင် ကပေါင်မြို့အတွင်းရှိခိုကိုးရာမဲ့နေသည့် သက်ကြီးရွယ်အိုများအနေဖြင့် နားခိုရာနေရာတစ်ခုရရှိစေရန် ရည်ရွယ်၍ ဘိုးဘွားရိပ်သာကိုတည်ဆောက် သွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့မိမြို့ဖ ဦးဘုန်းမြင့်က ဘိုးဘွားရိပ်သာဆောက်လုပ်ရာတွင် ကြုံတွေ့ရမည့်အခက်အခဲများ ရင်ဆိုင်ရမည့်ပြဿနာများကို မြို့သူမြို့သားများ အပါအဝင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုးနှင့်ကော်မတီဝင်များက အင်တိုက်အားတိုက်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်းဆွေးနွေးသည်။
တစ်ဆက်တည်းမှာပင် မြို့နယ်ကြက်ခြေနီအသင်းဥက္ကဌ ဦးအောင်မင်းနိုင် က ဘိုးဘွားရိပ်သာတစ်ခု တည်ဆောက်ပါက ဘိုးဘွားများ၏ ဝေယဝစ္စများကိုပြုလုပ်နိုင်ရန်အတွက် စေတနာ့ဝန်ထမ်းများအပြင် အမြဲတမ်းဝန်ထမ်းများကိုလည်း ခန့်အပ်နိုင်ရန်ယခုကတည်းက စီစဉ်ဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်းဆွေးနွေးသည်။
ထိုနောက် ဘိုးဘွားရိပ်သာဆောက်လုပ်ရန်အတွက် အစည်းအဝေးတက်ရောက်လာကြသူများမှ မြေနေရာရှာဖွေ၍လိုအပ်သည့်အချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment