ကလေးစာဖတ်ခန်း၌ ပုံပြင်ဖတ်စွမ်းရည် ပြိုင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကလေးစာဖတ်ခန်း၌ ပုံပြင်ဖတ်စွမ်းရည် ပြိုင်ပွဲကျင်းပ




MNP   -    ဖေဖေါ်ဝါရီ       ၁၆

  ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ကျောင်းသားလူငယ်များ စာကြည့်တိုက်သို့လာရောက်သည့် အလေ့အထကောင်းများဖြစ်လာပြီး စာအုပ်စာပေများကိုလေ့လာဖတ်ရှုပြီး အသိဉာဏ် ဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်လျက် ယနေ့ မွန်းလွဲ ၁ နာရီက   ပုံပြင်ဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ကြသည်။


ရှေ့ဦးစွာ ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဗရးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သိန်းသိန်းနိုင်က ပုံပြင်ဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။


ယင်းနောက် ပုံပြင်ဖတ်စွမ်းရည်ပြိုင်ပွဲတွင်ပါဝင်ကြသည့် ကျောင်းသူလူငယ်များမှ မိမိတို့ကြိုက်နှစ်သက်ရာပုံပြင်စာအုပ်များဖြင့်ပါဝင်ယှဉ်ပြိုင်ကြသည်။ အဆိုပါပြိုင်ပွဲသို့   အခြေခံပညာအထက်တန်းကျောင်း၊  ပုလုပ်တောင်မှမူလတန်းအဆင့်ကျောင်းသား/ကျောင်းသူများမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။


အောင်နိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)