လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး လူတိုင်းပါဝင်ကူညီပေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး လူတိုင်းပါဝင်ကူညီပေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်


MNP   -    ဖေဖော်ဝါရီ ၁၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒေသနေပြည်သူများအား သဘာ၀ပတ်ဝန်းကျင်နှင့် လေထုညစ်ညမ်းမှုဆိုင်ရာ ဖြစ်ပေါ်ရသည့်အကြောင်းအရင်းများအား သိရှိစေရန်ရည်ရွယ်၍ “သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လူတိုင်းပါဝင်ကူညီပေး” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းတို့ကို ယနေ့နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က သစ်တောသစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးများ၊ လူတွေအသက်ရှုနိုင်ဖို့ သစ်ပင်သည် အရေးကြီးဆုံး ဖြစ်ကြောင်း၊ သစ်ပင်များကို အလွန်အကျွံခုတ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများ၊ မြေဿြဇာ၊ ဓာတုပိုးသတ်ဆေး၊ ဆွေးမြေ့ရန်ခက်ခဲ့သော ပလတ်စတစ်အမှိုက်များ၏ မြေထုနှင့်ရေထုအပေါ် ဆိုးကျိုးသက်ရောက်မှုများ၊ လေထုညစ်ညမ်းမှုနှင့် ကမ္ဘာကြီး၏ ကျန်းမာရေးအကြောင်း စသည်တို့ကို အသိပညာပေးဟောပြော ခဲ့သည်။


ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သဘာ၀ပတ်ဝန်းကျင်စိမ်းလန်းဖို့ သစ်တောသစ်ပင်ထိန်းသိမ်းကြစို့ အသိပညာပေးနံရံကပ် စာစောင်နှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာများ၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နံရံကပ်စာစောင် ဆောင်ရွက်ထားရှိမှုများကိုပြသရာ ဒေသနေပြည်သူများနှင့် ကျောင်းသား/သူ များက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။


ခင်လေးနွယ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)