MNP - ဖေဖော်ဝါရီ၁၆
ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရုံးဝန်ထမ်းများက ယနေ့ မွန်းလွဲ၁နာရီက ရွေ့လျားစာကြည့်တိုက် Mobile Library စနစ်ဖြင့် မြို့သစ်ရပ်ကွက်ရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ရုံးသို့သွားရောက်၍ ဝန်ထမ်းများအား စာအုပ်၊စာစောင်များ အခမဲ့ ငှားရမ်းပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရုံး ဝန်ထမ်းများကစာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဝန်ထမ်းများနှင့် စာဖတ်ပရိတ်သတ်များအား စာအုပ်၊စာစောင်ကို လေ့လာဖတ်ရှုမှု ပိုမိုတိုးပွားလာစေရန်၊စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာဗဟုသုတ များတိုးပွားလာစေရန်၊အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးကို ရည် ရွယ်၍ Mobile Library ဖြင့် သုတ၊ ရသ၊ ရုပ်ပြ၊ ဝတ္တု၊မဂ္ဂဇင်း၊စာစောင်စသည့် စာအုပ်(၈၀) ကျော်ဖြင့် မြို့သစ်ရပ်ကွက်ရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ရုံးရှိ ဝန်ထမ်းများလက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခဲ့သည်။
မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် စာဖတ်သူများ အဆင်ပြေစေရန် Mobile Libraryဖြင့်စာအုပ်စာစောင်များ(အခမဲ့)တစ်ပတ်ငှားရမ်းပြီး အသစ်လှဲလှယ်စနစ်ဖြင့် အပတ်စဉ်ပုံမှန် ကွင်းဆင်း ငှားရမ်း ဝန်ဆောင်မှုပေးလျက်ရှိ ကြောင်း သိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost



No comments:
Post a Comment