MNP - ဖေဖော်ဝါရီ ၁၆
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ဆင်ခြေထောက်ရောဂါကင်းဝေးရေးအတွက် သန်ချဆေးပေါင်း တိုက်ကျွေးခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ ကျန်း မာရေးဦးစီးဌာနမှ ဝန်ထမ်းများကယနေ့ နေ့လယ်(၁၂) နာရီအချိန်က အမ်းမြို့နယ် မူလတန်းကြိုကျောင်းရှိ ကလေးငယ်များအား ကွင်း ဆင်းတိုက်ကျွေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ဆင်ခြေထောက်ရောဂါကာကွယ်ဆေးကို သောက်ခြင်းအားဖြင့် ဆင်ခြေထောက်ပိုးရှိသူများ၊ ရောဂါငုပ်နေသူများအတွက် ရောဂါကုသပြီးရာရောက်ခြင်း၊ ရောဂါပိုးမရှိသူများ သောက်လျှင် ဆေးအာနိသင်ကြောင့် ရောက်ဂါကာကွယ်ပြီးသားဖြစ်သည့်အပြင်၊ သန်ကောင်၊ တုတ်ကောင်များကို နှိမ်နှင်းရာတွင်လည်း အလွန်ပင်ထိရောက်ပါကြောင်းနှင့် ကာ ကွယ်ဆေးသောက်ပြီးနောက် ကောင်းကျိုးနှင့်ဆိုးကျိုးများတွင် သန်ချဆေးဖြစ်သည့်အတွက်ကြောင့် ဆေးသောက်ပြီး လှုပ်ရှားမှုများလျှင် အနည်းငယ်မူးတတ် ၊ ပျို့အန်တတ်ပြီး ၎င်းဆေးများတွင်လည်း ဆိုးဝါးသော ဘေးထွက်ဆိုးကျိုးများ မရှိပါကြောင်း အစာစားပြီး ၁ နာရီအကြာမှသာ စ၍ သောက်နိုင်ပြီး ဆေးသောက်ပြီးလျှင်လည်း အိပ်စက်အနားယူလိုက်လျှင် ပို၍ကောင်းမွန်တတ်ပါကြောင်း၊ ဆေးသောက်ပြီးလှုပ်ရှားမှုများလျှင် အနည်းငယ်မူးဝေ အော့အန်တတ်ကြောင်း၊ ဆင်ခြေထောက်ရောဂါကင်းဝေးရေး သောက်သုံးရမည့်ဆေးသုံးမျိုးတွင် အိုင်ဗာမက်တင်(Ivermectin)၊ ဒီအီးစီ( DEC) ၊ အယ်ဘန်ဒါဇော (Albendazole) ဆေးဝါးများဖြစ်ကြောင်းသိရသည်။
အဆိုပါကာကွယ် ဆေးအားဖေဖော်ဝါရီလ(၁၃)ရက်နေ့မှ စတင်တိုက်ကျွေးလျက်ရှိရာ ဖေဖော်ဝါ ရီလ(၁၉)ရက်နေ့အထိ တိုက်ကျွေးပေးသွားမည်ဖြစ်ပြီး မြို့နယ် မူလတန်းကြိုကျောင်းရှိ ကလေးငယ်(၁၀၀)ဦးအား ကွင်း ဆင်းတိုက်ကျွေးလျက်ရှိကြောင်းသိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost




No comments:
Post a Comment