ကျိုက်ထိုမြို့နယ်တွင် (၇၅) နှစ်မြောက်မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ်အသိပညာပေးနံရံကပ်စာစောင်ပြသဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် (၇၅) နှစ်မြောက်မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ်အသိပညာပေးနံရံကပ်စာစောင်ပြသဆောင်ရွက်




MNP   -    ဖေဖော်ဝါရီ ၁၆

    မွန်ပြည်နယ်၊ကျိုက်ထို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ်အသိပညာပေးနံရံကပ်စာစောင်ကိုအများပြည်သူများသိရှိလေ့လာနိုင်ရန်အတွက်ဖေဖော်ဝါရီ(၁၆)ရက်နေ့ မွန်းလွဲပိုင်းမှ စတင် ပြသဆောင်ရွက်ထားကြောင်းသိရှိရသည်။


  ထိုသို့ဆောင်ရွက်ရာတွင် ကျိုက်ထိုမြိုနယ်အတွင်းရှိဌာနဆိုင်ရာများ၊ကျောင်းသားကျောင်းသူများနှင့်ဒေသနေပြည်သူများအား ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက်မြန်မာနှင့်ရုရှားတို့၏သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ်အဖြစ်နှစ်နိုင်ငံ ချစ်ကြည်ရေးခရီးစဥ်မှတ်တမ်းများ၊စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမှတ်တမ်းများ၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များအရှေ့ဖျားရေငုတ်သင်္ဘော ဌာနချုပ်၊အာကာသလွှတ်တင်ရေးစခန်း၊ လေယာဉ်ထုတ်လုပ်ရေးစက်ရုံများလေ့လာကြည့်ရှုခဲ့သည့်မှတ်တမ်းပုံများအားပြသဆောင်ရွက်ထား ကြောင်းသိရှိရသည်။


အဆိုပါ နံရံကပ်ပြဘုတ်တွင်နှစ်နိုင်ငံအစိုးရအကြီးအကဲများအချင်းချင်း ပူးပေါင်းဆောင်ရွက်ခဲ့သည့်မှတ်တမ်းဓါတ်ပုံ(၂၀)ပုံနအားပြသပေးခဲ့ကြောင်းသိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)