MNP - ဖေဖော်ဝါရီ ၁၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဉပဒေအသိပညာပေး ဟောပြောပွဲကို ထမ္မရာဇ်ရပ်ကွက် လူမှုဝန်ထမ်းဦးစီးဌာန ရုံးခန်းမ၌ ယမန်နေ့ ညနေပိုင်းအချိန်က ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိန်သန်းကြည် မှ ကလေးသူငယ် အခွင့်အ ရေးများဆိုင်ရာ ဉပဒေ နောက်ခံသမိုင်းကြောင်း ၊ ကလေးသူငယ်များ လိုက်နာ ရမည့် စည်းကမ်း များ ၊ပြစ်မှုပြစ်ဒဏ်များ ၊ ကလေးသူငယ်အခွင့်အရေးပါအခန်းကဏ္ဍများ၊ ကလေး သူ ငယ် လိုက်နာ ရမည့် စည်း ကမ်း များ၊ပြစ်မှုပြစ်ဒဏ်များ ၊ ကလေးမွေးစားခြင်းလုပ် ထုံးလုပ် နည်းများ၊ ကလေးသူ ငယ်ကြီး ကြပ်သူ၏တာဝန်ဝတ္တရားများ စသော ဉပဒေပါအခန်းကဏ္ဍများကို Power Point ဖြင့်အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်ဉပဒေအရာရှိ ဒေါ်လှနုဖြူ မှလည်း ကလေးသူငယ်ဆိုင်ရာရရှိရမည့် အခွင့် အ ရေးနှင့် ဉပဒေ များတွင် ကလေးသူငယ်များ၏ အခွင့်အရေးကို လူမှုအဖွဲ့အစည်း၊ ယဉ်ကျေးမှု ဓ လေ့ထုံးစံ၊စီးပွားရေး၊ လူမှုရေး နှင့်နိုင်ငံရေးဆိုင်ရာအခွင့်အရေးများ၏ ကျယ်ပြန့်သော အကြောင်း အရာများ တွင် ကလေးသူငယ်၏ ကိုယ်ခန္ဓာအစိတ်အပိုင်းအား ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ တရား မဝင်ထုတ်ယူဖယ်ရှားခြင်း၊ တစ်နည်းနည်းဖြင့်လွှဲပြောင်းခြင်း (သို့) သိလျက်နှင့်အစားထိုးပေးခြင်း ကျူးလွန်လျှင် အနည်းဆုံး ၁၀ နှစ်မှ အများဆုံး ၂၀ နှစ် ၊ ငွေဒဏ် အနည်းဆုံး ၅၀ သိန်း မှ အများ ၁၀၀ သိန်းတို့ကို ပေးဆောင်ရမည်စသောအကြောင်းအရာများကိုပြောကြားခဲ့ပြီးနောက် ခရိုင်တရား သူကြီး ဦးမြင့်ကျော် က ကလေးသူငယ်များ တရားစီရင် ရေးနှင့် ပတ်သတ်သော အကြောင်း အရာများကို ပြော ကြား ရာ တွင် ပြစ်မှုကျူးလွန်သည့် အချိန်တွင် အသက် (၁၈) နှစ်ပြည့် သွား သော ကလေး သူ ငယ်မှု ခင်း များ ကို စစ်ဆေးရာတွင် အသက်၁၈ နှစ်ပြည့်ပြီး အသက် ၂၀ နှစ်မပြည့် သေး လျှင် ကလေး သူ ငယ်ဖြစ်သကဲ့သို့ ဆက်လက်၍ ကြားနာစစ်ဆေးပြီး ဉပဒေ နှင့် အညီ စီရင်ဆုံးဖြတ်ရကြောင်း ၊ အသက် ၂၀ နှစ် ပြည့်ပြီးလျှင် အရွယ်ရောက်သူကို တရားစီရင်သည့် နည်းလမ်းအတိုင်း ကြားနာ စစ်ဆေးပြီး ဉပဒေနှင့် အညီစစ်ဆေးစီရင်ဆုံးဖြတ်ရကြောင်း ထောင်ဒဏ်ချမှတ်ရာတွင် ကလေးသူငယ်မှာ အသက် ၁၆ နှစ်မပြည့် သေးပါက ချမှတ်သော ထောင်ဒဏ်သည် ခုနှစ်နှစ် ထက်ပို၍လည်းကောင်း ၊ အသက် ၁၆ နှစ်ပြည့်ပြီး အသက် ၁၈ နှစ် မပြည့်သေးပါက ချမှတ်သော ထောင်ဒဏ်သည် တစ်ဆယ် နှစ်ထက် ပို၍ မချမှတ်ရကြောင်း ၊ စသောအကြောင်းအရာများကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိန်သန်းကြည်မှလည်း ကလေးသူ ငယ် များဆိုင်ရာအမျိုးသမီးကော်မတီနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ဆောင်ရွက်ရမည့်အစီအမံတို့ကို ပြောကြားခဲ့ကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment