သာစည်မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်း(အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သာစည်မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်း(အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ


MNP   -   ဖေဖော်ဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အလွတ်တန်း(အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေ ၄ နာရီအချိန်က မြို့နယ်ပြည်သူ့အားကစားပြိုင်ကွင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။


ဗိုလ်လုပွဲစဉ်အဖြစ် ရွာပုလဲကြီးကျေးရွာဘောလုံးအသင်းနှင့် ရွာကြီးကျေးရွာဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကြရာ ပွဲချိန်အတွင်း နှစ်ဂိုးစီဖြင့် သရေကျနေသောကြောင့် ပင်နတီအဆုံးအဖြတ်ဖြင့် ယှဉ်ပြိုင်ကြရာ ရွာပုလဲကြီးအသင်းက ငါးဂိုးလေးဂိုးဖြင့် ပထမရရှိသွားကြောင်း သိရသည်။ ဆက်လက်ပြီး ဆုချီးမြှင့်ပွဲကိုကျင်းပပြုလုပ်ရာ ပထမရရှိသည့် ရွာပုလဲကြီးကျေးရွာအသင်းကို တံခွန်စိုက်ဆုဖလား၊ ဆုကြေးငွေ ၂၅၀၀၀၀ နှင့် ကစားသမားများအား တစ်ဦးချင်း ရွှေတံဆိပ်လည်ဆွဲဆု၊ ဒုတိယရရှိသည့် ရွာကြီးကျေးရွာအသင်းကို ဆုကြေးငွေ ၂၀၀၀၀၀ နှင့် ကစားသမားများအား တစ်ဦးချင်းငွေတံဆိပ်လည်ဆွဲဆုများ၊ နေရာအလိုက်အကောင်းဆုံးဆုများဖြစ်သော အကောင်းဆုံးဂိုးသမားဆု၊ နောက်တန်းအကောင်းဆုံးဆု၊ အလယ်တန်းအကောင်းဆုံးဆု၊ ရှေ့တန်းအကောင်းဆုံးဆုနှင့် ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားဆုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသိန်းမိုးတို့က ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။


ထွန်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)