MNP - ဖေဖော်ဝါရီ ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့တွင်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ကျင်းပသော အလွတ်တန်းအမျိုးသားဘော်လီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများမှ ဆုရအသင်းများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့မအားကစားကွင်း မိုးလုံလေလုံအားကစားရုံတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲအား “တက်သစ်စ”အသင်းနှင့် “ခမ်း”အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ “ခမ်း”အသင်းက သုံးပွဲ-နှစ်ပွဲဖြင့် အနိုင်ရရှိပြီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် “နောင်ဝိုး”အသင်းနှင့် “နန်းတုတ်”အသင်းတို့ ယဉ်ပြိုင်ကစားကြရာ “နောင်ဝိုး”အသင်းက သုံးပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ကြသည်။ အဆိုပါပြိုင်ပွဲများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကြည့်ရှုအားပေးခဲ့ကြပြီး ဆုရရှိသည့် အသင်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment