ပျော်ဘွယ်မြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည့်ပြိုင်ပွဲများ၌ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအားဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပျော်ဘွယ်မြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည့်ပြိုင်ပွဲများ၌ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအားဆုချီးမြှင့်ပွဲကျင်းပ




MNP   -    ဖေဖော်ဝါရီ ၁၃

ပျော်ဘွယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ်ကျင်းပပြုလုပ်ခဲ့သည့် မူလတန်း(အထက်အဆင့်) ပုံပြင်ပြောနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတို့တွင် ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင်ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ကျင်းပပြုလုပ်ခဲ့သည့် ပြိုင်ပွဲများသည် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဖြစ်သော်လည်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံကလေးသူငယ်များနေ့ကို အမှတ်ရစေရန် ရည်ရွယ်၍ ယနေ့ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ဆုချီးမြှင့်ပွဲကိုကျင်းပပေးခြင်းဖြစ်ပါကြောင်းတို့ကို ရှင်းလင်းဆွေးနွေးသည်။


ဆက်လက်၍ မူလတန်း(အထက်အဆင့်)ပုံပြင်ပြောနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတို့တွင် ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူနှင့် ဆရာ၊ ဆရာမများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


မင်းမင်းထွေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment