စကုမြို့တွင် ဝါးထရံရက်လုပ် ရောင်းချခြင်းလုပ်ငန်းဖြင့် မိသားစု စားဝတ်နေရေး အဆင်ပြေ - Myanmar National Post

Myanmar National Post

News Agency

Breaking

စကုမြို့တွင် ဝါးထရံရက်လုပ် ရောင်းချခြင်းလုပ်ငန်းဖြင့် မိသားစု စားဝတ်နေရေး အဆင်ပြေ


MNP    -    ဖေဖော်ဝါရီ ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့တွင် ဝါးထရံ ရက်လုပ်ခြင်းလုပ်ငန်းဖြင့် မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ဝါးထရံပြုလုပ်ရောင်းချသူ ဦးကျောက်ခဲထံမှ သိရသည်။


ဝါးထရံရက်လုပ်ရာတွင် ရှေးဦးစွာ ဝါးကိုခွဲ၍ အလယ်အူနှင့် အကြောကိုဖြာ၍ သပ်ထားရသည်။ အကြောသပ်ပြီးသား နှီးများဖြင့် ထိုင်ရက်လျှင် တစ်နေ့ ၆/၇ တောင်ပတ်လည် ထရံ ၄ ချပ် ပြီးစီးနိုင်သည်။ တစ်ချပ်ပြီးလျှင် ၁၀၀၀ ပေးရပြီး၊ အမျိုးသမီး၊ အမျိုးသား စုံတွဲဝါးထရံ ရက်လုပ်ကြလျှင် တစ်နေ့လုပ်အားခ ၁၀၀၀၀ ဝန်းကျင်ရကြသည်။


ဝါးထရံကို တင်းဝါးဖြင် ပြုလုပ်ရပြီး ဝါးတစ်ရာစည်း တစ်စည်းလျှင် ၇၀၀၀၀ ကျပ်ဖြင့် တောင်ငူ၊ ပဲခူးမြို့များမှ ဝယ်ယူလုပ်ကိုင်ကြရကြောင်း၊ ၆/၇ တောင်ပတ်လည် ဝါးထရံ တစ်ချပ်လျှင် ၆၀၀၀၊ ၈၀၀၀၊ ၁၀၀၀၀ စသည်ဖြင့် အချော၊ အကြမ်းကိုလိုက်၍ ဈေးအမျိုးမျိုး ရောင်းချရေကြာင်း သိရသည်။


ထရံရက်လုပ်ခြင်းလုပ်ငန်းကို အရိပ်ထဲတွင် အိုးမကွာ၊ အိမ်မကွာ အချိန်ကိုအကျိုးရှိစွာ အသုံးချပြီး ရက်လုပ်ရသော လုပ်ငန်းဖြစ်သလို ဝင်ငွေကောင်းသော လုပ်ငန်းဖြစ်ပြီး၊ နွေ၊ မိုး၊ ဆောင်း သုံးရာသီပတ်လုံး အသုံးတည့်သည့် မရှိမဖြစ် အသုံးအဆောင် ပစ္စည်းတစ်မျိုး ဖြစ်သောကြောင့် အမြဲမပြတ် ဝင်ငွေရရှိနေကာကြောင့် မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း စကုမြို့မှ ဝါးထရံလုပ်ငန်းရှင် ဦးကျောက်ခဲက ပြောသည်။


ဇေယျာထက်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)