တံတားဦးမြို့တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်



MNP   -  ဖေဖော်ဝါရီ ၁၃                                

တံတားဦးခရိုင် တံတားဦးမြို့နယ်အတွင်းရှိ  အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများ လူမှုရေးပင်ထောက်ပံ့ငွေများ ယနေ့နံနက်ပိုင်းက ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွဲပြောင်းပေးအပ်ကြောင်း သိရသည်။


ထောက်ပံ့ငွေများပေးအပ်ရာတွင် တံတားဦးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုး(၂၇၂)ဦး၊ အဘွား(၆၈၃)ဦး၊ စုစုပေါင်း အဘိုး အဘွား (၉၅၅) ဦးအတွက် ငွေကျပ်(၂၈၆၅၀၀၀၀)ကို အဘိုးအဘွား များ အောက်တိုဘာ ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ သုံးလအတွက် တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)ကို မြို့နယ်အတွင်အတွင်းရှိ သက်ကြီးဘိုးအဘွားများကို ဆက်လက်ထောက်ပံ့ပေးနိုင်ရေးဖြစ်ကြောင်း သိရ သည်။


အဆိုပါ ထောက်ပံ့‌ငွေများကို မြို့နယ်အုပ်ချုပ်ရေးမှူး၏ လမ်းညွှန်ကြီးကြပပ်မှုဖြင့် ဆောင်ရွက်ပြီး အဘိုးအဘွားများ လိုရာသုံးစွဲလှူဒါန်းနိုင်ရန်  ရည်ရွယ်ချက်ဖြင့် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူ ဦးဖြိုးဇော်ကိုကိုထံမှ သိရသည်။


ဦးရဲတင့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)