ကျွန်းစုမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားယဉ်ကျေးမှုဆိုင်ရာ အသိပညာပေး စကားဝိုင်းဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းစုမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားယဉ်ကျေးမှုဆိုင်ရာ အသိပညာပေး စကားဝိုင်းဆွေးနွေးပွဲကျင်းပ





MNP   -    ဖေဖော်ဝါရီ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်တိုင်းရင်းသားယဉ်ကျေးမှုဆိုင်ရာ အသိပညာပေးစကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


“တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ဝတ်စားဆင်ယင်မှုများကို သိရှိစေရန်၊ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ လူငယ်အချင်းချင်းပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်ပြီး နှုတ်မှုစွမ်းရည် တိုးတက်စေရန်၊ အနာဂတ်၏ လူရွယ်များပေါ်ထွန်းလာစေရန်” ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စုစုဝေက ပြောကြားခဲ့သည်။


ထို့နောက် မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရမှ အသိမှတ်ပြုထားသော တိုင်းရင်းသားမျိုးနွယ်စု (၁၃၅)မျိုး ရှိပြီး အဓိကလူမျိုးစုကြီး(၈)ခုဖြစ်သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းလူမျိုးများ၏ မျိုးနွယ်စုများ၊ သမိုင်းကြောင်းများ၊ ဝတ်စားဆင်ယင်မှုများ၊ ဘာသာနှင့်စာပေများအကြောင်းကို တိုင်းရင်းသားလူငယ်မောင်မယ်များက ဆွေးနွေးပြောကြားခဲ့ပြီး အဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


စည်သူရအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment