ပြင်ဦးလွင်မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ချစ်ကြည်ရေးဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ချစ်ကြည်ရေးဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ


MNP   -  ဖေဖော်ဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပိုက်ကျော်ခြင်းကစားသမားဟောင်းများ ပူးပေါင်းကျင်းပသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ချစ်ကြည်ရေးဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ရုံးဝင်းအတွင်းရှိ ပိုက်ကျော်ခြင်းကွင်း၌ ကျင်းပသည်။


ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် ပြိုင်ပွဲကျင်းပခြင်းဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းအားကစားသမားများ၊ ပိုက်ကျော်ခြင်းအားကစားဝါသနာရှင်များက တစ်ခဲနက် ကြည့်ရှုအားပေးကြသည်။


ပြိုင်ပွဲအပြီး ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က ကျေးဇူးတင်စကားပြောကြားပြီး ဆုများဆက်လက်ချီးမြှင့်ရာ နှစ်သိမ့်ဆုရရှိသည့်အသင်းအား မြို့နယ်ပိုက်ကျော်ခြင်းဆပ်ကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်ကလည်းကောင်း၊ တတိယဆုရရှိသောအသင်းအား ပြင်ဦးလွင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဦးမြင့်ဋ္ဌေးကလည်းကောင်း၊ ဒုတိယဆုရရှိသောအသင်းအား ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်ကလည်းကောင်း ပထမဆုရရှိသောအသင်းအား ပြင်ဦးလွင်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းကျော်ကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် အဖွဲ့လိုက်ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။


အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆု ငွေကျပ်နှစ်သိန်း၊ ဒုတိယဆု ငွေကျပ်တစ်သိန်းငါးသောင်း၊ တတိယဆု တစ်သိန်းနှင့် နှစ်သိမ့်ဆု ငါးသောင်းကျပ် ပေးအပ်ချီးမြှင့်ခဲ့ပြီး အုပ်စုတစ်အုပ်စုလျှင် ပြိုင်ပွဲဝင် ပိုက်ကျော်ခြင်းအသင်း(၃)သင်းနှုန်းဖြင့် အုပ်စု(က)မှ အုပ်စု(စ)အထိ ပြိုင်ပွဲဝင် ပိုက်ကျော်ခြင်းကစားသမားဟောင်းအသင်း စုစုပေါင်း (၁၈)သင်းတို့က ဖေဖော်ဝါရီလ(၁၀)ရက်နေ့မှ ဖေဖော်ဝါရီလ(၁၂)ရက်နေ့အထိ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။


ယမင်းလှိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)