တောင်ကုတ်မြို့၌ လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ လူငယ်စကားဝိုင်းကျင်းပ





MNP    -    ဖေဖေါ်ဝါရီ ၉

ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင်၊တောင်ကုတ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၊ အခြေခံပညာဦးစီးဌာန နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်း ကို ယနေ့ နံနက်(၁၀)နာရီအချိန်က အမှတ်(၃)၊အခြေခံပညာအထက်တန်းကျောင်း စုပေါင်းခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဦးစီးအရာရှိ ဦးမြင့်ရွှေ နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မှ မြို့နယ်အားကစားမှူးဒေါ်အေးနန္ဒာကျော် တို့က လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။


ထို့နောက် လူငယ်စကားဝိုင်း ကိုကျင်းပရာပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးမြင့်ရွှေ ဦးဆောင်ဆွေးနွေးသူအဖြစ်ပါဝင်ဆောင်ရွက်ပြီး Grade-9 မှ မောင်သတိုးတေဇ နှင့် မောင်ဖြိုးအေးကျော် တို့ လူငယ်နှင့်စည်းကမ်းခေါင်းစဉ်ဖြင့်လည်းကောင်း ၊ Grade-9 မှ မောင်ဝသန်အောင် နှင့် မခင်မီမီအောင် တို့က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း ၊ Grade-11 မှ မောင်ဖြိုးမင်းကို နှင့် မညိုညိုစန်း တို့က လူငယ်နှင့်မူးယစ်ဆေးခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြပြီး ကျောင်းသား၊ ကျောင်းသူများ၏ ပြန်လည်မေးမြန်းချက်မှုများကို ဦးစီးအရာရှိ ဦးမြင့်ရွှေ နှင့် ကျောင်းသား၊ကျောင်းသူ များက ပြန်လည်ဖြေကြားဆွေးနွေးသည်။


ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို စိတ်ဝင်စားစွာကြည့်ရှုကြသည်။


အဆိုပါအခမ်းအနားသို့ အမှတ်(၃)အခြခံပညာအထက်တန်းကျောင်းမှ တာဝန်ခံကျောင်းအုပ် ဆရာကြီး နှင့် ဆရာ ၊ဆရာမများ ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)