ကျိန္တလီမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိန္တလီမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ





MNP   -    ဖေဖေါ်ဝါရီ ၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်း အမှတ်အဖြစ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက (အခမဲ့) ဖြန့်ဝေပေးခဲ့ကြသည်။ 


အဆိုပါသတင်းစကား လက်ကမ်း စာစောင်တွင် ၂၀၂၃ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ ၁၉၄၆ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဖဆပလ အဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ပြောကြားခဲ့သော မိန့်ခွန်းမှကောက်နုတ်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ၁၂-၂-၂၀၂၂ရက်နေ့ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နှုတ်ချက်များ၊ “စည်းလုံးညီညွတ်မှုမှသည်  ထာဝရငြိမ်းချမ်းရေးဆီသို့” ဆောင်းပါးတို၊ “စစ်မှန်သော မျိုးချစ်စိတ်ဓာတ်” စသည့် ဆောင်းပါးတိုများနှင့် “တွဲလက်ခိုင်ကျည်ပေါင်းစုညီ၊ တို့ညီနောင်ထုပြည်ထောင်စု”၊ “တိုင်းရင်းသားများ စည်းလုံးအားဖြင့်၊ လက်တွဲမပျက် ရှေ့သို့ဆက်”၊ “ညီညွတ်ခြင်းသည် စွမ်းအင်၊ စည်းလုံးခြင်းသည် ခွန်အား၊ ပြည်ထောင်စု၏ နှလုံးသား”၊ စသည့်  ဆောင်ပုဒ်များ၊  စာရေးဆရာ ဖိုလေးလုံးသောင်းကိုကို ရေးသားထားသော “စုဖွဲ့ပြည်ထောင် လှေတစ်စင်းရယ်နဲ့” ကဗျာနှင့် ကာတွန်းများပါရှိပြီး လက်ကမ်းစာစောင်ကို ပြန်ကြားရေးနှငြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)