မာန်အောင်မြို့နယ်တွင်(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်တွင်(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲပြုလုပ်


MNP  -  ဖေဖေါ်ဝါရီ၉

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ၂၀၂၃-ခုနှစ်ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့တွင်ကျရောက်မည့်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲကိုယနေ့မွန်းလွဲ၁နာရီက ပြုလုပ်ခဲ့သည်။


       ထိုသို့ဟောပြောရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ ဦးရန်ငြိမ်းက ကျောင်းသား/သူများအားမျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြင့်စေရေး၊အသိပညာဗဟုသုတရရှိစေရေးအတွက်ဟောပြောရခြင်းဖြစ်ကြောင်းပြောကြားပြီး ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊မျိုးချစ်စိတ်ဓာတ်နှင့်တိုင်းရင်းသားအချင်းချင်းစည်းလုံးညီညွတ်ရေးတို့ကိုဟောပြောခဲ့ရာ ဟောပြောပွဲသို့ ရန်အောင်မြင်ရပ်ကွက်၊အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/သူများတက်ရောက်ခဲ့ကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)