MNP - ဖေဖော်ဝါရီ ၉
ငပလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို မူလတန်းအဆင့် ဆေးရောင်ခြယ် ပြိုင်ပွဲကို ယနေ့ နေ့လယ် (၁ )နာရီက
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးငပလီရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ငပလီမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီမှူး ဒေါ်မြင့်မြင့်အေးက ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပခြင်း၏ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားသည်။
ထို့နောက်ဆေးရောင်ခြယ်ပြိုင်ပွဲကိုကျင်းပပြုလုပ်ရာ အမက(ငပလီ)မူလွန်ကျောင်းမှကျောင်းသားကျောင်းသူလေးများကယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် မြို့ဦးစီးမှူးနှင့်ဝန်ထမ်းများကပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအားအမှတ်တရလက်ဆောင်ပစ္စည်းများအား ပြိုင်ပွဲဝင် လက်ဆောင်အဖြစ်ချီးမြှင့်ပေးခဲ့ကြသည်။
အဆိုပါပြိုင်ပွဲများကျင်းပရခြင်းမှာ ကလေးများအသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရေး၊ ကာယ၊ဉာဏဖွံ့ဖြိုးတိုးတက်စေရေး ၊ စာကြည့်တိုက်နှင့်ရင်းနှီးမှုရရှိစေပြီး စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ကျင်းပ ပေးလျက် ရှိပါသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment