MNP - ဖေဖော်ဝါရီ ၉
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်လုံး ကောက်ကျေးရွာအုပ်စုပြောင်းချောင်းကျေး ရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ၊ပြည် သူထည့်ဝင်ငွေဖြင့်တည်ဆောက်သည့် ဘက်စုံသုံး ခန်းမဖွင့်ပွဲကိုယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုးမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းထွန်းကကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေဖြင့်တည် ဆောက်ခဲ့သည့် ဘက်စုံ သုံးခန်းမဆောင်ရွက် မှုနှင့်ပတ် သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ကျေးရွာသူ/ ကျေး ရွာသားများကိုယ် စား ရပ်မိရပ်ဖတစ်ဦးက ကျေးဇူး တင်စကား ပြောကြားခဲ့သည်။ ထို့နောက် ပြောင်းချောင်းကျေး ရွာဘက်စုံသုံးခန်းမအား ခရိုင်အဆင့်ဌာနဆိုင်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
အဆိုပါ ပြောင်းချောင်းကျေးရွာဘက်စုံသုံးခန်းမကို ၂၀၂၂ - ၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေ ကျပ် (၁၀.၀၀) သန်း၊ပြည်သူထည့်ဝင်ငွေ ကျပ်(၄.၅၆၅) သန်းဖြင့် (၂၄ ပေ၊ ၅၄ ပေ၊ ၁၂ ပေ)ရိှ ဘက်စုံသုံးခန်းမအားဖွင့်လှစ်နိုင်ခဲ့ကြောင်းသိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost




No comments:
Post a Comment