MNP - ဖေဖော်ဝါရီ ၉
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေ ပြု ဗဟိုဌာနခန်းမတွင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ဖေဖော်ဝါရီ(၉)ရက် မွန်းလွဲ (၁)နာရီ အချိန်က ပြည်ထောင်စုနေ့အကြောင်းအသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပ ပြု လုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာ ရှိ ဒေါ်သန်းသန်းမော်က အသိပညာပေး Talk Show အစီအစဉ် ပြုလုပ်သည့်ရည်ရွယ်ချက် ကိုရှင်းလင်းပြောကြားပြီး
မူလွန်(၁)ကံ့ကော်မှကျောင်းအုပ်ဆရာမကြီးဒေါ်စန်းစန်းမွန်က ပြည်ထောင်စုနေ့ပေါ်ပေါက်လာပုံအကြောင်း၊ပြည်ထောင် စုစိတ်ဓါတ်၊တိုင်းရင်းသားအားလုံးစည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့်နေထိုင်ဆောင်ရွက်သင့်ကြောင်း စသည် တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ခဲ့ ကြောင်းသိရသည်။
ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေး Talk Show ဆွေးနွေးပွဲအစီအစဉ် များ ရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူ အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment