ရခိုင်ပြည်နယ် မောင်တောမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေး






MNP   -    ဖေဖော်ဝါရီ  ၁၅

 ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်                           ဆေးကုသရေး အဖွဲ့က ဒေသခံပြည်သူများအား အခမဲ့  ကျန်းမာရေးကာကွယ်စောင့်ရှောက်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်  (၃)မိုင်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ တွင် ဆောင်ရွက်ပေးခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးပြီး  မြန်မာနိုင်ငံကြက်ခြေနီ တပ်ဖွဲ့ဝင်များ ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက် ပေး ခဲ့ကြသည်။


အဆိုပါ  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့တွင် ပါဝင်သောသမားတော်၊ ခွဲစိတ်ပါရဂူ၊ မျက်စိပါရဂူ၊ ကလေးပါရဂူ၊ ဓာတ်မှန်ပါရဂူ၊ အထွေထွေရောဂါကုသရေး ပါရဂူများသည် ဒေသခံ ပြည်သူများအား မျက်စိရောဂါ ၊ သွား နှင့် ခံတွင်းရောဂါ ၊ ကလေးရောဂါ ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ ၊  အ ထွေထွေရောဂါ နှင့် ပတ်သတ်၍  လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးကာ ECG နှင့် အမ်ထရာ ဆောင်းစက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများကို ကျန်းမာရေးကာကွယ်စောင့်ရှောက်ဆောင်ရွက်ပေးပြီး လူနာ စုစုပေါင်း (၄၁၂)ဦးအား အခမဲ့ဆေးကုသမှု ပေးခဲ့ကြောင်းသိရသည်။  


အဆိုပါ (၃)မိုင်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ ဘုန်းတော်ကြီး ကျောင်းထိုင်ဆရာတော်ကြီးထံ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ဝင်များ နှင့် တာဝန်ရှိသူ များ ခေါက်ဆွဲခြောက် ၊ ဆန် ၊ ဆီ  စသည့် တို့ အား ထောက်ပံ့လှူဒါန်းခဲ့ပြီး ဆေးဝါး ကုသရန် ရောက်ရှိလာသော ဒေသခံပြည်သူများကိုလည်း အာဟာရ ဖြည့် စွက်စာများကို ထောက်ပံ့ ပေးအပ်ခဲ့ ကြကြောင်းသိရသည်။


သက်လွင်စိုး ၊အောင်ကျော်စိန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)