ရေးမြို့နယ်၊ တောင်ဘုံကျေးရွာအနီး တောင်ဘုံ-အာယုတောင်သွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတား ၁ စင်းအား PDF အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရေးမြို့နယ်၊ တောင်ဘုံကျေးရွာအနီး တောင်ဘုံ-အာယုတောင်သွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတား ၁ စင်းအား PDF အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

 


MNP ၊ ဖေဖော်ဝါရီ ၁၅

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ တောင်ဘုံကျေးရွာအနီး တောင်ဘုံ-အာယုတောင်သွားကားလမ်း ပေါ်ရှိ သံကူကွန်ကရစ်တံတား ၁ စင်းအား PDF အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည်။


ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ တောင်ဘုံကျေးရွာအနီး တောင်ဘုံ-အာယုတောင်သွားကားလမ်းပေါ်ရှိ အလျား ၃၈ ပေ၊ အနံ ၁၈ ပေ ခန့်ရှိ သံကူကွန်ကရစ်တံတား ၁ စင်းအား PDF အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် တံတား၏ဝဲ/ယာလက်ရမ်းနှစ်ဖက်၊ ကမ်းကပ်ခုံ၊ တံတား၏ အလယ်တည့်တည့်တို့တွင် အနည်းငယ် ပျက်စီးခဲ့ပြီး ယာဉ်ဖြတ်သန်းသွားလာမှုများ ပြတ်တောက်ခဲ့ခြင်းမရှိကြောင်း သိရသည်။


အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် တံတားအား တာဝန်ရှိသူ များက အများပြည်သူပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်မှု ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ  ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့အထိ NLD အစွန်းရောက်များ ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ အစိုးရဝန်ထမ်း၊ ကလေးငယ်များ အပါအဝင် ၅၄၄၃ ဦး သေဆုံးခဲ့ရသည်။)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)