ကျောင်းသား၊ ကျောင်းသူများ စီးနင်းလိုက်ပါလာသော မော်တော် ယာဉ်အား PDF အကြမ်းဖက်သမားများက ရက်စက်စွာ မိုင်းခွဲ တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ပြီး ကျောင်းသူ ၁ ဦးသေဆုံးခဲ့ရ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောင်းသား၊ ကျောင်းသူများ စီးနင်းလိုက်ပါလာသော မော်တော် ယာဉ်အား PDF အကြမ်းဖက်သမားများက ရက်စက်စွာ မိုင်းခွဲ တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ပြီး ကျောင်းသူ ၁ ဦးသေဆုံးခဲ့ရ









MNP ၊ ဖေဖော်ဝါရီ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (အရာတော်)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခန်းဆုံးစာမေးပွဲဖြေဆိုပြီး ပြန်လာသည့် ကျောင်းသား၊ ကျောင်းသူများ စီးနင်းလိုက်ပါလာသော မော်တော်ယာဉ်အား PDF အမည်ခံ အကြမ်းဖက်သမားများက အကြောင်းမဲ့ ရက်စက်စွာ မိုင်းခွဲတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ပြီး ကျောင်းသူ ၁ ဦးသေဆုံးခဲ့ ကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ ယနေ့နေ့လယ်ပိုင်းက အရာတော်မြို့နယ် အခြေခံပညာအထက်တန်း ကျောင်း(အရာတော်)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခန်းဆုံးစာမေးပွဲဖြေဆိုပြီး ပြန်လာ သည့် ကျောင်းသား၊ ကျောင်းသူများ လိုက်ပါလာသော မော်တော်ယာဉ်သည် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် အရာတော်မြို့၏ အထွက် အနောက်မြောက်ဘက် မီတာ ၁၅၀၀ ခန့်အကွာသို့ အရောက်၌ PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်ရီမုမိုင်းဖြင့် အကြောင်းမဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ကျောင်းသူ ၁ ဦးသေဆုံးပြီး ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။


အဆိုပါ မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အရာတော်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှုခံယူ စေလျက်ရှိကြောင်း၊ ယခုကဲ့သို့ NUG၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတကာဥပဒေများ၊ ပြဌာန်းချက်များကို ချိုးဖောက် ကာ ကလေးသူငယ်များ၏ ပညာသင်ကြားရေးကို နည်းမျိုးစုံဖြင့် နှောင့်ယှက် တိုက်ခိုက်မှုများသည် ဂျနီဗာကွန်ဗန်းရှင်များနှင့် အပြည်ပြည်ဆိုင်ရာ ဉပဒေတို့အရ စစ်ရာဇဝတ်မှု(War Crime)ကို ကျူးလွန်ခြင်းဖြစ်သဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပဒေရာဇသတ်ကြီးနှင့် သက်ဆိုင်ရာတည်ဆဲဉပဒေများဖြင့် ထိရောက်စွာအရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့အထိ NLD အစွန်းရောက်များ ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ အစိုးရဝန်ထမ်း၊ ကလေးငယ်များ အပါအဝင် ၅၄၄၃ ဦး သေဆုံးခဲ့ရသည်။)




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)