ရသေ့တောင်မြို့၌(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်၊ရခိုင်ရိုးရာကျင်ပွဲဆုပေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်၊ရခိုင်ရိုးရာကျင်ပွဲဆုပေးပွဲကျင်းပ





MNP   -   ဖေဖော်ဝါရီ ၁၃

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့တွင်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရခိုင်ရိုးရာ “ကျင်” အားကစားပြိုင်ပွဲကို ရသေ့တောင်မြို့၊ တောင်ရင်းတန်းရပ်ကွက်၊ စေတီတောင်ဘုရားကွင်း၌ ကျင်းပလျက်ရှိရာ ၂၀၂၃ ဖေဖော်ဝါရီ ၁၂ ရက်၁နာရီခွဲအချိန်တွင်စတင်ကျင်းပခဲ့ရာ ဒုတိယနေ့အဖြစ် ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ ယမန်နေ့ညနေ ၅ နာရီချိန်တွင် အောင်မြင်စွာပြီးဆုံးခဲ့သည်ကျင်အားကစားပြိုင်ပွဲတွင် (က) မြို့ပေါ်အငယ်တန်းအဆင့်ပြိုင်ပွဲ၌ ကျင်သန်(၃၂)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပြီးရွှေမောင်းပထမဆုကိုသိန်းဇော်(အရှေ့တောင်)နှင့် ရွှေမောင်းဒုတိယဆုကိုမျိုးချစ်(အရှေ့တောင်)တို့ကလည်းကောင်း၊(ခ) မြို့ပေါ်အကြီးတန်းအဆင့်ပြိုင်ပွဲ၌ကျင်သန် (၁၆)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရွှေမောင်းပထမဆုကို အောင်ဝေသန်း(အရှေ့တောင်)နှင့် ရွှေမောင်းဒုတိယ

ဆုကို ကရင်ချေ(အရှေ့တောင်)တို့ကလည်းကောင်း၊(ဂ) မြို့နယ်ခြားတတိယတန်းအဆင့်ပြိုင်ပွဲ၌ ကျင်သန် (၁၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရွှေမောင်းပထမဆုကို လပြည့်(ပေါက်တောပြင်၊ ပဏမြို့နယ်)နှင့် ဒုတိယဆုကို ဝင်းနိုင်စိုး(ပိုးရွှီပြင်၊ပုဏ္ဏားကျွန်းမြို့နယ်)ကလည်းကောင်း ၊(ဃ) မြို့နယ်ခြား ဒုတိယတန်းအဆင့်ပြိုင်ပွဲ၌ ကျင်သန် (၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရွှေမောင်းပထမဆုကို လင်းလင်း(ရဟတ်တောင်၊ ပုဏ္ဏားကျွန်းမြို့နယ်)နှင့် ဒုတိယဆုကို ထွန်းလင်း(ပိုးရှီပြင်၊ပုဏ္ဏားကျွန်းမြို့နယ်)ကလည်းကောင်း အသီးသီးရရှိခဲ့သည်။


ပြိုင်ပွဲကို စုစုပေါင်း ကျင်သန် (၅၃)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မစဖနှင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ဖများနှင့် လုပ်ငန်းရှင်များက ရွှေမောင်းဆုများအပါအဝင် ကာတန်ဖိုး (၁၄,၃၉၅၀၀) ကျပ် ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။


ထွန်းလင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)