ဟိုပင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ (၇၆) နှစ်မြောက် ပြည်ထေင်စုနေ့ အထိမ်းအမှတ်အဖြစ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စက္ကူခေါက်ပြိုင်ပွဲများ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုပင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ (၇၆) နှစ်မြောက် ပြည်ထေင်စုနေ့ အထိမ်းအမှတ်အဖြစ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စက္ကူခေါက်ပြိုင်ပွဲများ ကျင်းပပြုလုပ်




MNP  -  ဖေဖော်ဝါရီ ၁၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စက္ကူခေါက်ပြိုင်ပွဲများကို ဖေဖော်ဝါရီလ (၁၁) ရက် နံနက် (၁၀) နာရီက ဆောင်ရွက်ခဲ့ ကြသည်။


ထိုသို့ ပြိုင်ပွဲများကို ၂၀၂၃-ခုနှစ်၊ ဖေဖော်ဝါရီ (၁၂) ရက်တွင်ကျရောက်မည့် (၇၆) မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုတိုင်းရင်းသား အချင်းချင်း ချစ်ခင်စည်းလုံးညီညွှတ်စေရန်၊ အသိပညာဗဟုသုတများတိုးပွါးစေရန်၊ အရောင်များကိုရွေးချယ် တတ်စေရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲနှင့် မူးယစ်ဆေးဝါးအသိပညာပေး ရွှေနဒီနံရံကပ်စာစောင်ပြပွဲများကို ကျင်းပဆောင်ရွက်ခဲ့ပါသည်။


အဆိုပါပြိုင်ပွဲတွင် အခြေခံပညာမူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၆) ဦးတို့က ပါဝင်ယှဉ် ပြိုင်ခဲ့ပြီး ဆုရရှိသောကလေးများအား စာပေချစ်မြတ်နိုးသူအသင်းဝင်များက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


လင်းသွယ်သွယ်ဦး 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)