တန့်ဆည်မြို့နယ်၊ မူးခွကျေးရွာ ရှေးဟောင်းစေတီတော် မင်းဘိတ်သိပ်ခံ ပြည်လုံးချမ်းသာ ကမ္ဘာအေးစေတီတော်မြတ်ကြီး ထီးတော်တင်မင်္ဂလာအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တန့်ဆည်မြို့နယ်၊ မူးခွကျေးရွာ ရှေးဟောင်းစေတီတော် မင်းဘိတ်သိပ်ခံ ပြည်လုံးချမ်းသာ ကမ္ဘာအေးစေတီတော်မြတ်ကြီး ထီးတော်တင်မင်္ဂလာအခမ်းအနား ကျင်းပ








MNP ၊ ဖေဖော်ဝါရီ ၂၇

စစ်ကိုင်းတိုင်း၊ ရေဦးခရိုင်၊ တန့်ဆည်မြို့နယ်၊ မူးခွအုပ်စု၊ မူးခွကျေးရွာ ရှေးဟောင်းစေတီတော် မင်းဘိတ်သိပ်ခံပြည်လုံးချမ်းသာကမ္ဘာအေးစေတီတော်မြတ်ကြီး၏ ထီးတော်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့ကြောင်း ဆရာတော်ဦးဝါသဝ ထံမှ သိရသည်။

ဗုဒ္ဓဘိသေကဘုရားအနေကဇာတင်ခြင်းမင်္ဂလာနှင့် အသံမစဲမဟာပဌာန်းရွတ်ဖက်ပူးဇော်ပွဲအကြိမ်(၂၀)မြောက် ပင့်သံဃာတော်အပါး (၇၀)ကျော်တို့အား သံဃ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူဒါန်းကုသိုလ်တော်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း ဆရာတော်က မိန့်ကြားသည်။

မူးခွကျေးရွာ ရှေးဟောင်းစေတီတော် မင်းဘိတ်သိပ်ခံပြည်လုံးချမ်းသာကမ္ဘာအေးစေတီတော်မြတ်ကြီး၏ ထီးတော်တင်မင်္ဂလာအခမ်းအနားသို့  ဆရာတော်သံဃာတော်များ၊ နယ်မြေခံတပ်များ၊ အနီးဝန်းကျင်ကျေးရွာများမှ နယ်သူ/သားများ၊ စုစုပေါင်းလူဦးရေနှင့် ၅၀၀၀ ခန့် တက်ရောက်ပူဇော်ခဲ့ကြောင်း သိရသည်။

မူးခွကျေးရွာတွင် PDF အကြမ်းဖက်သမားများ၏ ရန်ပြုစော်ကားမှုများကြောင့် ပြည်သူ့စစ်ဖွဲ့စည်း၍ ကာကွယ်နေရပြီး PDF အကြမ်းဖက်သမားများသည် ပဋ္ဌာန်းပွဲ၊ သင်္ကြန်ပွဲ အစရှိသော ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ အစဉ်အလာဘာသာရေးပွဲများကိုပင် နည်းအမျိုးမျိုးဖြင့် နှောက်ယှက်တိုက်ခိုက် ဖျက်ဆီးမှုများ လုပ်ဆောင်နေသည့်ကြားမှ ဘာသာရေးအပေါ် အလေးအမြတ်ထားသည့် မူးခွကျေးရွာသူ/ရွာသားများ၏ ညီညွတ်မှုဖြင့် ခြုံနွယ်ပိတ်ပေါင်း ဖုံးအုပ်နေသော ရှေးဟောင်းစေတီတော်ကို ပြန်လည်ပြုပြင်မွမ်းမံ၍ ထီးတော်တင်မင်္ဂလာအခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)