ညောင်တုန်းမြို့နယ်တွင် ဆီထွက်သီးနှံ(နေကြာ) စံကွက်ရိတ်သိမ်းပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်တုန်းမြို့နယ်တွင် ဆီထွက်သီးနှံ(နေကြာ) စံကွက်ရိတ်သိမ်းပွဲကျင်းပ


MNP   -   ဖေဖော်ဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဆီထွက် သီးနှံ(နေကြာ) ဆင်းရွှေကြာ-၂ စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ ညနေပိုင်းက ဆားမလောက် ကျေးရွာ၊ တောင်သူ ဦးကျင်လှိုင်၏ ကွင်းအမှတ် (၃၈၂)၊ ဦးပိုင်အမှတ် (၁၅၄/၁)ရှိ စံကွက် စိုက်ခင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားသို့ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးညီညီ‌ထွေး၊ မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦး‌ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့သည်။


ထင်ဝေဖြိုး


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)