MNP - ဖေဖော်ဝါရီ ၂၈
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထား ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၁၀ နာရီအချိန်က လက်ကောက် ဈေးရပ်ကွက် မြို့ဦးဂေါင်းကျောင်းတိုက် ယာယီ တိုက်ပွဲရှောင်စခန်းသို့ သွားရောက် ဖြန့်ဝေ ခဲ့ ကြောင်း သိရသည်။
ထို့သို့ လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခိုင်စန္ဒာထွန်း နှင့် ဓါတ်ပုံကျွမ်းကျင်-၂ ဦးမြင့်စိုးတို့ သွားရောက်၍ တိုက်ပွဲရှောင်စခန်းရှိ ပြည်သူများကို ယာယီနေရပ်စွန့်ခွာ သူများ ဘေးကင်းလုံခြုံမှုရှိစေရန်၊ ဂုဏ်သိက္ခာရှိစွာနှင့် အမှီအခိုကင်းစွာဖြင့် မူလနေရပ်များသို့ ပြန်လည်အခြေချနေထိုင်နိုင်ရေးတွင် တရားဥပဒေစိုးမိုးရေး၊ ပညာရေး ၊ ကျန်းမာရေး၊ စီးပွားရေး စသည်တို့နှင့်အတူ အခြားသောတိုင်းနှင့်ပြည်နယ် များတွင်လည်း တိုက်ပွဲရှောင် စခန်းများ ရှိပြည် သူများ မိမိနေထိုင်ရာ ကျေးရွာများသို့ ပြန်လည်ပို့ဆောင်ပေးနေပြီဖြစ်ကြောင်း စသည့်တို့ကို ပြော ကြား၍ အသိပညာ ပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေလျှက်ရှိ ကြောင်း သိရသည်။
မြင့်စိုး၊စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost




No comments:
Post a Comment