MNP - ဖေဖော်ဝါရီ ၂၈
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယာယီတိုက်ပွဲ ရှောင်စခန်းမှ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာဖတ်ပရိသတ်များထံသို့ Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နေ့လယ် ၁ နာရီအချိန်က လက်ကောက် ဈေးရပ်ကွက် မြို့ဦးဂေါင်းကျောင်းတိုက် ယာယီ တိုက်ပွဲရှောင် စခန်း သို့ သွားရောက်၍ ငှားရမ်း ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များ ငှားရမ်းပေးခြင်းကို ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခိုင်စန္ဒာထွန်း က ပြည်သူ့စာကြည့်တိုက်သို့ မလာ ရောက်နိုင်သည့် စာဖတ်ပရိသတ်များကို စာအုပ်စာပေများ အလွယ် တကူ လေ့လာ ဖတ်ရှု နိုင်ရန်အတွက် စာဖတ်ပရိသတ်များ ကြိုက်နှစ်သက်သည့် သုတ၊ရသ စာအုပ်များ၊ မဂ္ဂဇင်း စာအုပ် များ ၊ ဝတ္တုစာအုပ်များ၊ စိုက်ပျိုးရေးနှင့်ပတ်သတ်သော ဒို့ကျေးရွာဂျာနယ်များ တို့ကို လေ့လာ ဖတ်ရှုနိုင်ရန်အတွက် စာဖတ်ပရိသတ်များ ၏ လက်ဝယ်အရောက် ကွင်းဆင်းငှား ရမ်းပေး ခြင်း ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
မြင့်စိုး၊စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost




No comments:
Post a Comment