ပင်းတယမြို့နယ်၌ ဆိုလာစနစ်ဖြင့် ရေသွင်းစိုက်ပျိုးထားသည့် နေကြာသီးနှံမျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ပင်းတယမြို့နယ်၌ ဆိုလာစနစ်ဖြင့် ရေသွင်းစိုက်ပျိုးထားသည့် နေကြာသီးနှံမျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း


MNP  -   ဖေဖော်ဝါရီ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ ဆီထွက်သီးနှံ နေကြာစိုက်ဧကမှာ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးနေကြာ(၄၇၈၅)နှင့် ဆောင်းနေကြာ (၁၁၅၀)ဧက လျာထားလျက်ရှိရာ မိုးနေကြာ(၄၇၈၇) စိုက်ပျိုးနိုင်ခဲ့ပြီး၊ တစ်ဧကလျှင် အထွက်နှုန်း(၃၅.၂၂)တင်း ထွက်ရှိခဲ့ကြောင်း၊ ဆောင်းရာသီတွင် နေကြာသီးနှံ (၁၁၅၀)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဖေဖော်ဝါရီလအထိ နေကြာ(၅၁၈)ဧက ရိတ်သိမ်းခဲ့ပြီး တစ်ဧကလျှင် အထွက်နှုန်း(၃၆.၅၂)တင်း ရရှိ၍ ကျန်ရှိသောဧကများမှာ ပန်းများ ပွင့်နေဆဲဖြစ်ကြောင်း သိရသည်။


ပင်းတယမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သော နေကြာသီးနှံ အိန္ဒိယမျိုး မျိုးစေ့ထုတ်ခြင်းကို တောင်ရှည်ကျေးရွာအုပ်စု၊ မိုင်းလီကျေးရွာအုပ်စုများမှ ကျေးရွာ(၃)ရွာရှိ တောင်သူများနှင့်ပူးပေါင်း၍ ဧက (၃၀၀) စိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိပြီး၊ ထိုသို့ ဆောင်ရွက်ရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး‌ဌာနနှင့်ပူးပေါင်း၍ Solar Station (၅)ခုတွင် တောင်သူပေါင်း(၈၀)ဦး၊ စိုက်ဧက (၂၀၀) ဧကအထိ ရေပေးသွင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နေကြာသီးနှံအောင်မြင်စွာ စိုက်ပျိုးနိုင်စေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများ ထုတ်ချေးပေးလျက်ရှိပြီး၊ နေကြာတိုးချဲ့စိုက်ပျိုးခြင်းဖြင့် ဒေသတွင်း စားသုံးရန် ဖူလုံ၍ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်စေရန်အတွက် အကျိုးဆောင် တောင်သူများနှင့်ပူးပေါင်းပြီး မျိုးကောင်းမျိုးသန့်များ ရရှိနိုင်စေရန်အတွက် မျိုးစေ့ထုတ်လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ပင်းတယမြို့နယ်အနေဖြင့် ဆီဖူလုံမှုရာခိုင်နှုန်းမှာ (၂၂၈.၈၇)ရာခိုင်နှုန်းရှိပြီး ထိုသို့ဆောင်ရွက်ခြင်းဖြင့် ဒေသခံတောင်သူများ ဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။


အောင်ကိုဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)