ရန်ကုန်တက္ကသိုလ် ဥပဒေပညာမိသားစု၏ ဒုတိယအကြိမ်(၇၅)နှစ် အထက်သက်ကြီး ဆရာ/ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်တက္ကသိုလ် ဥပဒေပညာမိသားစု၏ ဒုတိယအကြိမ်(၇၅)နှစ် အထက်သက်ကြီး ဆရာ/ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲကျင်းပ


MNP   -    ဖေဖော်ဝါရီ ၂၇

ရန်ကုန်တက္ကသိုလ် ဥပဒေပညာမိသားစုများ၏ ဒုတိယအကြိမ် (၇၅)နှစ်အထက်သက်ကြီး ဆရာကြီး/ဆရာမကြီးများ ပူဇော်ကန်တော့ပွဲကို ယမန်နေ့နံနက် (၁၀)နာရီက ရန်ကုန်တက္ကသိုလ်  RECREATION CENTRE ခန်းမ၌ ကျင်းပသည်၊၊


ရှေးဦးစွာ ဆရာကြီး/ ဆရာမကြီးများအား ကျောင်းသား၊ ကျောင်းသူများက ကန်တော့ပစ္စည်း/ကန်တော့ငွေများ ပေးအပ်ကြပြီး  ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြသည်၊၊


ဆက်လက်၍ ကန်တော့ခံဆရာကြီး ဒေါက်တာတင်အောင်အေးနှင့် ဒေါက်တာဒေါ်သန်းနွဲ့တို့က ဆုံးမဩဝါဒစကားပြောကြားပြီး ကျောင်းသူ ဒေါ်ဇာနည်နှင်းက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်၊၊


ထို့နောက် အခမ်းအနားကိုတေးဂီတ သီချင်းတို့နှင့်သီဆို ဖျော်ဖြေခဲ့ကြောင်း သိရသည်၊၊


အောင်မြင့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)