မင်းလှမြို့နယ်မလွန်အခြေခံပညာအထက်တန်းကျောင်း၌လူငယ်ရေးရာဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းလှမြို့နယ်မလွန်အခြေခံပညာအထက်တန်းကျောင်း၌လူငယ်ရေးရာဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ


MNP  -   ဖေဖော်ဝါရီ ၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင်  လူငယ်များကာယ၊ ဉာဏစွမ်းရည်များ မြင့်မားရေး၊ ဗလ(၅)တန်ဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးလိမ်မာ၍ အနာဂတ်နိုင်ငံတော်   တည်‌ဆောက်ရာတွင်၊   လူတော်လူ‌ကောင်းများ ပေါ်ထွန်းလာစေရေးတို့အတွက် ပြန်ကြား‌ရေးနှင့်ပြည့်ဆက်ဆံရေးဦးစီးဌာန၊ အခြခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာတို့ ပူးပေါင်းပြီး လူငယ်ရေးရာဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နေ့လယ် ၂ နာရီက မလွန်အခြေခံပညာအထက်တန်းကျောင်း မြဧရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာဇာငြိမ်းက လူငယ်ရေးရာခေါင်းစဉ်ဖြင့် ဟောပြောရာတွင် “ယနေ့လူငယ်များသည် ၂၁ ရာစုတွင် ကြီးပြင်လာကြသည့် “Z” မျိုးဆက်သစ်များဖြစ်ပါကြောင်း၊ မျိုးဆက်သစ်များ၏ အတွေးအမြင်၊အယူအဆများနှင့် ယုံကြည်မှုများသည် ယခင်မျိုးဆက်များနှင့် မတူပါကြောင်း၊ “Z” မျိုးဆက်သစ်များအနေဖြင့် အတွေးအခေါ်များသည် စိတ်ဝင်စားဖွယ်ကောင်းပါကြောင်း၊ တီထွင်ဖန်တီးမှု၊ တွေးခေါ်မှုများသည် အမြဲတမ်းဆန်းသစ်နေပါကြောင်း၊ ဆိုရှယ်မီဒီများကို ကျွမ်းကျင်စွာအသုံးပြုနိုင်ပါကြောင်း၊ ဆိုရှယ်မီဒီယာများကို အသုံးပြု၍ဘဝအောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့် ကောင်းမွန်သောဖန်တီးမှုများကို   အထပ်ထပ်လေ့လာကြံဆ၍ အနာဂတ်နိုင်ငံတော်အား ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရမည်ဖြစ်ပါကြောင်း” ဆွေးနွေးဟောပြောခဲ့သည်။ ယင်းနောက် မြို့နယ်အားကစားနှင့်ကာယညာဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းလှိုင်ကလူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့ပြီး မလွန်အခြေခံ ပညာအထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်ခဲ့သည်။


ထို့နောက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူငယ်ရေးရာဟောပြောပွဲကို တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူ များအား (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး လူငယ်များ အသိပညာဗဟုသုတများ လေ့လာဆည်းပူးနိုင်ရေးအတွက် နံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ  စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း   သိရသည်။


ဇာဇာ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)