အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းသို့ အလှူငွေများ လာရောက်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းသို့ အလှူငွေများ လာရောက်လှူဒါန်း


MNP   -   ဖေဖော်ဝါရီ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်ရည်ရွယ်လျက် ယမန်နေ့တွင် အလှူရှင်များက အသင်းရုံးသို့ အလှူငွေများ လာရောက်လှူဒါန်းသည်။


အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ၊ ထိတွေ့လူနာ၊ သံသယလူနာများနှင့် သေဆုံးပြီးသူများအား တာဝန်ရှိသူများနှင့်ပူးပေါင်းပြီး ခေါ်ယူပို့ဆောင်ပေးလျက်ရှိရာ လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် ကွယ်လွန်သူ  (ဦးလှစိုး) အားရည်စူး၍ ကျန်ရစ်သူမိသားစုမှ အလှူငွေကျပ်(၁)သိန်း၊ ကွယ်လွန်သူ(မခိုင်ခိုင်ညွန့်)အားရည်စူး၍ ကျန်ရစ်သူမိသားစုမှ အလှူငွေကျပ်(၅)သောင်းနှင့် ကွယ်လွန်သူ (ကိုရဲမာန်)အားရည်စူး၍ ကျန်ရစ်သူမိသားစုမှ အလှူငွေကျပ်(၅)သောင်းတို့ကို အသီးသီးလာရောက်လှူဒါန်းရာ စိန်ရတနာ နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။


ဇွဲထက်ကို

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)