MNP - ဖေဖော်ဝါရီ ၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးညီညီထွန်းနှင့် တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးအသုံးပြု၍ မိးငြိမ်းသတ်ခြင်း၊ မီးလောင်မှုမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေး အချက်များ ရှင်းလင်းခြင်း၊ မီးငြှိမ်းသတ်နည်း (၄)နည်းအား ရှင်းလင်းခြင်း၊ ရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြှိမ်းသတ်နည်းများ၊ဂက်(စ်)အိုးဖြင့် မီးငြှိမ်းသတ်နည်းများအား ရှင်းလင်းခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရမည့် ဗဟုသုတများအား အသိပညာပေး ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကြည်အေးဇော်နှင့် ဝန်ထမ်းများက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်မှု လက်တွေ့ လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment