ရခိုင်ပြည်နယ် မောင်တောမြို့၌ အသစ်ခန့်အပ်မည့် လက်ထောက်မူလတန်းပြ ဆရာ၊ ဆရာမများအား လုပ်ငန်းခွင်အကြိုရက်တိုသင်တန်းဖွင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ အသစ်ခန့်အပ်မည့် လက်ထောက်မူလတန်းပြ ဆရာ၊ ဆရာမများအား လုပ်ငန်းခွင်အကြိုရက်တိုသင်တန်းဖွင့်ပွဲကျင်းပ


MNP  -   ဖေဖော်ဝါရီ ၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ လက်ထောက်မူလတန်းပြ အသစ်ခန့်အပ်မည့် ပြင်ပပုဂ္ဂိုလ်များ၏ လုပ်ငန်းခွင်အကြိုရက်တိုသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ကာ သင်တန်း ပို့ချပေးလျက်ရှိကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးအောင်မြင့်သိန်းက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်လင်းဦးက သင်တန်းဖွင့်လှစ်ပို့ချပေးရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားရာတွင် သင်တန်းမှပို့ချမည့် ဘာသာရပ်များ၊ သိသင့်သိထိုက်သင့် အကြောင်းအရာများ၊ နည်းပြများက သင်တန်းပို့ချပေးရာတွင် စနစ်တကျလေ့လာမှတ်သားပြီး ပို့ချပေးလိုက်သည့် ဘာသာရပ်များကို မိမိတို့တာဝန်ကျသည့်ကျောင်းများသို့ ရောက်ရှိသောအခါ မိမိတို့မြို့နယ်နှင့် ကျောင်းပညာရေးမြင့်မားတိုးတက်အောင် တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း မှာကြားခဲ့သည်။ ထို့နောက် နည်းပြဆရာ/ဆရာမများက တစ်ဦးချင်းမိတ်ဆက်ကာ သင်ကြားပို့ချမည့်ဘာသာရပ်များအား ပြောကြားပြီးသင်တန်းကို နည်းပြ ၉ ဦးတို့က မြို့နယ်အတွင်း အခြေခံပညာလက်ထောက်မူလတန်းပြ အသစ်ခန့်အပ်မည့် ဆရာ၊ ဆရာမ ၅၀ ဦးအား သင်ရိုးသစ်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ဝန်ထမ်းကျင့်ဝတ်နှင့် ဝန်ထမ်းစည်းကမ်း၊ နိုင်ငံဝန်ထမ်း နည်းဥပဒေများ၊ မူလတန်းသင်ရိုးသစ်မိတ်ဆက်ခြင်း၊ စဉ်ဆက်မပြတ် ဆရာအတတ်ပညာဖွံ့ဖြိုးတိုးတက်ရေး၊ ဆရာကျင့်ဝတ်နှင့် ကိုယ်ကျင့်သိက္ခာများ၊ ၂၁ ရာစုကျွမ်းကျင်မှုနှင့် သင်ကြား/သင်ယူမှုဆိုင်ရာလုပ်ငန်းများ၊ ပညာရေးမူဝါဒများ စသည့် ဘာသာရပ်၊ အသိပညာဗဟုသုတများအား ဖေဖော်ဝါရီ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ၅ ရက်ကြာသင်ကြားပို့ချပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သက်လွင်စိုး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)